Sun ဟာဆိုရင်တော့ အချိန်ကြာမြင့်စွာ ယနေ့ချိန်ထိ လူတွေရဲ့ ပုပ်ချမှုကို ခံနေရတုန်းဖြစ်ပါတယ်။ လူတိုင်းက သူပါပြီးဆိုတာနဲ့ ဆေးထိုးပြီး ဘာညာဆိုပြီး ပုပ်ချလေ့ရှိပါတယ်။ တကယ်တော့သူဟာ 1 vs 1 ကိုအားသာတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Sun ကောင်းရင် Aldous နဲ့ by 1 ခုတ်လို့ရပါတယ်။ Admin ကိုယ်တိုင်လဲ ကြုံဖူးပြီး Admin ကိုယ်တိုင်လဲ ခုတ်ဖူးပါတယ်။ Item ဆက်တာမှန်ရင် ဘာမှကြောက်စရာကိုမလိုပါဘူး။ Johnson ကိုဆိုလဲ ခုတ်နိုင်ပါတယ်...အဓိကက သူ့Passiveကြောင့်ပါပဲ။ အောက်မှာ သူ Skill တွေကိုအနည်းငယ်ပြောပြထားပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Skill 1ကတော့ သူရဲ့ တုတ်ကိုပစ်လိုက်ကာ ထိတဲ့သူတွေက နှေးနေစေမှာဖြစ်ပြီး Damage ထိပါတယ်။ Hero နဲ့ Creep တွေကို ထိရင်တော့(လမ်းလျှောက်Creep မပါ) ၅စက္ကန့်ကြာ သူ့ကိုယ်ပွားပေါ်လာမှာဖြစ်ပြီး အဲ့ကိုယ့်ပွားက ထိတဲ့ရန်သူကိုပဲ ခုတ်နေမှာဖြစ်ပါတယ်။ အဲ့ကိုယ်ပွားက Sun ရဲ့ ၃၅ရာခိုင်နှုန်း အရည်အချင်းများကို ပိုင်ဆိုင်ပါတယ်။ Skill 2ကတော့ ရန်သူဆီကို ကိုယ်ရော ကိုယ့်ကိုယ်ပွားပါ ပြေးရိုက်တာဖြစ်ကာ အဲ့ချိန်မှာ ကိုယ်ပွားတွေက ၃၀ရာခိုင်နှုန်း လှုပ်ရှားမှုမြန်လာပါတယ်။ Ulti ကတော့ Sun ကသူ့အရည်အချင်း ၇၀ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ ကိုယ်ပွားတစ်ကောင်ထုတ်လိုက်ပြီး အဲ့ကိုယ်ပွားက ပိုDamage ထိစေမှာဖစ်ပြီး Sun ရဲ့သွေးကိုပြန်ပေးပါတယ်။ ၁၂စက္ကန့်ကြာ ကိုယ်ပွားကရှိနေမှာဖြစ်ပါတယ်။   

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ သူ့ကိုယ်ပွားတွေက ရန်သူတွေကို Physical Defense ၆ရာခိုင်နှုန်းစီ လျှော့ချပေးကာ ၁၀ကြိမ်ထိ စုနိုင်ပါတယ်။ ကိုယ့်အသင်းက Battle ဆိုင်နေရင် ကိုယ့်မှာ လုပ်စရာ နှစ်ခုရှိပါတယ်။ Battle ထဲ ဝင်ချမလား Tower ခိုးချိုးမလား ဆိုတာ ကစားသူအပေါ်မူတည်ပါတယ်။ တကယ်လို့ကိုက အသင်းအတွက်အထောက်အကူ မဖြစ်နေရင် ကိုယ်ကအသင်းကို တိုင်ခိုးချိုးပေးမယ်ပြောပြီး တိုင်တွေကို Battle ဆိုင်နေရင် ချိုးပေးပါ။ ကိုယ်ကအသင်းအတွက် လိုအပ်တဲ့သူဖြစ်နေတဲ့ Player ဆိုရင်တော့ Battleထဲကို Ulti သုံးပြီး Skill 2 နဲ့ဝင်ကာ Skill 1 နဲ့ ရန်သူကိုထိအောင်လုပ်ပါ။ ကိုယ့်အနေနဲ့ ရန်သူဘက်က အမာကောင်တွေကို သတ်နိုင်ရပါမယ်။ သူရဲ့ Pasaive က Tank တွေကို အသတ်မြန်ပါတယ်။ Global 1 ရဲ့ Item Bulidနဲ့ Emblem တွေကို ဖော်ပြပေးလိုက်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။