PHOTO CREDIT - SUMAIL TWITTER

အသင်းဟောင်း EG နဲ့ပြန်ရင်ဆိုင်ရတဲ့အခါမှာ မျက်နှာပန်းမလှဘဲ အရှုံးရလာဒ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ Sumail

Sumail ကတော့ သူငါးနှစ်လောက် ဆော့ကစားလာတဲ့ Evil Geniuses ကနေ သူပိုင်ဆိုင်တဲ့ ရှယ်ယာ တချို့တဝက်ကိုပါ ရောင်းပြီး ထွက်ခွာခဲ့တဲ့ နောက်မှာတော့ အကိုဖြစ်သူ Yawar နဲ့အတူ Quincy Crew ဆိုတဲ့ Team အသစ်ကိုဖွဲ့စည်းပါတယ်။

Team အသစ်ဖွဲ့စည်းပြီး ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ MDL Chengdu Major ရဲ့ NA region qualifier ပွဲစဉ်တွေထဲမှာတော့ Sumail ရဲ့ အသင်းသစ် Quincy Crew ဟာ Evil Geniuses နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ရပါတယ်။

Game 1 မှာတော့ Sumail ဟာ Ls ကိုင်ပြီး အကောင်းဆုံးပုံစံတစ်ခုကို ချပြဖို့ကြိုးစားခဲ့ပေမယ့် EG က carry player Rtz နဲ့ ယှဉ်လိုက်တဲ့အခါမှာတော့ Farming က အရမ်းကိုကွာဟနေခဲ့ပါတယ်။

ဒါကလည်း Item Farm နေရမယ့်အချိန်မှာ မ farm ဘဲ team နဲ့အတူ လိုက်ချနေတာကြောင့်ဖြစ်ပြီး Mid player Quinn ကလည်း strom Sprit ကိုင်ပြီး Sumail ကို space မပေးနိုင်တဲ့အပြင် Team fight တွေကလည်း အရေးနိမ့်လာတဲ့အခါမှာ network တွေတော်တော်လေးကွာပြီး EG ရဲ့ဖိအားပေးကစားမှုကို ခုခံနိုင်ခြင်းမရှိတော့ဘဲ Game 1 မှာ gg ခေါ်ပေးလိုက်ရတာပဲဖြစ်ပါတယ်။

Game 2 မှာတော့ Sumail ရဲ့ Chaos Night ဟာ early game မှာထဲက တော်တော်လေး လုပ်ကွက်ထွက်ခဲ့ပြီး သူ့ရဲ့ aggressive ဆန်ဆန် play ပုံတွေက EG ကိုတော်တော်လေးဖိအားပေးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် game 1 မှာ လုပ်ကွက်မထွက်ခဲ့တဲ့ Quinn ကလည်း game 2 မှာ Ember sprit နဲ့ လုပ်ကွက်တွေထွက်ခဲ့ပြီး ရှေ့ကနေ heart တုံးကြီးနဲ့ tank ပေးနေတဲ့ Ck ကြီးရဲ့နောက်ကနေ Damage ပေးရတာက တော်တော်လေး အဆင်ပြေနေခဲ့ပါတယ်။

တဖက် team EG က carry Spectre အနေနဲ့လည်း item တော့ထွက်ခဲ့ပေမယ့် တော်တော်လေး အသေအပျောက်များခဲ့ပြီး Mega 2 လမ်းပေးပြီးတဲ့နောက်မှာပဲ gg ခေါ်ခဲ့ရပါတယ်။

Game 3 မှာတော့ Sumail အနေနဲ့ CK ပဲပြန်ကိုင်ပြီး early game ထဲက gressive ဆန်ဆန်လိုက်ဆော့ခဲ့ပေမယ့် တဖက် Team EG က Rtz ရဲ့ Blood Seekers က ပိုလုပ်ကွက်ထွက်ခဲ့တာကြောင့် mid game လောက်အရောက်မှာ အရေးနိမ့်ပြီး 2:1 ဆိုတဲ့ ရလာဒ်နဲ့ EG ကို အရှုံပေးခဲ့ရပါတယ်။

ပွဲစဉ်တခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ Quincy Crew အနေနဲ့ EG လိုအသင်းကြီးနဲ့ ယှဉ်ဖိုက်တဲ့အခါမှာ Teamwork ပိုင်းအားနည်းနေသေးတာတွေ တွေ့ရပြီး အမှတ်မထင်လုပ်မိတဲ့ အမှားလေးတွေကြောင့်ပဲ Mega တွေပါခွင့်ပြုပေးခဲ့ရတာတွေ တွေ့ရပါတယ်။

Sumail အနေနဲ့လည်း Mid God ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီး carry ပြောင်းဆော့နေပေမယ့် Item မစုံသေးဘဲ အရမ်းတွေလိုက်ချတဲ့ သူ့ရဲ့ aggressive play ပုံတွေက team fight တွေနိမ့်သွားတဲ့အခါမှာ အမှားတစ်ခုလို ဖြစ်လာစေခဲ့ပြီး carry ချင်းယှဉ်လိုက်မယ်ဆိုရင် item တွေ တော်တော်လေး ကွာသွားစေခဲ့ပါတယ်။

Sumail အနေနဲ့ အရမ်းနိုင်ချင်နေလို့ ဒီလိုအမှားလေးတွေ လုပ်မိတာလားတော့ သေချာမသိပေမယ့် စိတ်တည်တည်ငြိမ်နဲ့ အကောင်းဆုံးပုံစံတခုကို ပြသဖို့တော့ လိုအပ်နေပါသေးတယ်။

PHOTO CREDIT - WYKRHM REDDY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။