အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရယူထားသူကတော့ အဆိုတော်ပိုပိုပါ။ သူမဟာ သီချင်းတိုင်းကိုလည်း ကိုယ်တိုင်ရေးသားသီဆိုရုံသာမဟုတ်ဘဲ သူ့ရဲ့သီချင်း Music Video တိုင်းကိုလည်း ကိုယ်တိုင်သရုပ်ဆောင်သူတစ်ယောက်ပါ။ သူမသီဆိုတဲ့ အသည်းကွဲသီချင်းတွေဟာလည်း နားထောင်သူတိုင်းကို ဝမ်းနည်းကြေကွဲစေပြီး မျက်ရည်ပါကျစေနိုင်တဲ့ ခံစားချက်မျိုးရရှိအောင် သီဆိုနိုင်သူတစ်ယောက်ပါ။  

Photo Credit - Po Po Singer's Instagram
Photo Credit - Po Po Singer's Instagram
Photo Credit - Po Po Singer's Instagram

ပိုပိုဟာ နယ်ပွဲတွေ ဖျော်ဖြေရာတွင်လည်း နယ်ပရိသတ်များရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာပါ။ သူမရဲ့ ရိုးသားပွင့်လင်းတဲ့စိတ်လေးကို ပရိသတ်တွေအားလုံးက ချစ်နေရတာပါ။ လတ်တလောမှာလည်း နယ်ပွဲတွေသာမကဘဲ ရန်ကုန်ပွဲများတွင်လည်း သီဆိုဖျော်ဖြေနေရတာပါ။  

Photo Credit - Po Po Singer's Instagram
Photo Credit - Po Po Singer's Instagram
Photo Credit - Po Po Singer's Instagram

အခုမှာလည်း ကျော်ပေါ်က အမိုက်စားတက်တူးတွေကို အထင်းသားမြင်ရစေမယ့်ဖက်ရှင်လေးနဲ့ သီချင်းတွေ ဖျော်ဖြေနေတဲ့ ဗီဒီယိုလေးကို သူမရဲ့ Instagram တွင်တင်ထားတာပါ။ သူမရဲ့အသံလေးဟာလည်း ကြည့်ရှုသူအားလုံးရဲ့စိတ်ကို ဖမ်းစားညှို့ယူထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Po Po Singer's Instagram

Photo Credit - Po Po Singer's Instagram 

View this post on Instagram

Oh my baby

A post shared by ပို ပို (@popo_singer) on

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။