ပရိသတ်ကြီးအတွက် ဒီတစ်ခါ ဖော်ပြပေးချင်တဲ့ အကြောင်းအရာကတော့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများများစွာတည်းက ပြုလုပ်ခဲ့တဲ့ မံမီ ရုပ်အလောင်းတွေမှာ မူးယစ်ဆေး အကြွင်းအကျန်တွေ တွေ့ရှိခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး လူတွေ စိတ်ဝင်စားနေခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ တွေ့ရှိချက်အသစ်ကြောင့် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက လူသားတွေဟာ မူးယစ်ဆေးသုံးစွဲတတ်နေပီလားဆိုတဲ့ မေးခွန်းတွေ လည်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

ဂျာမနီ နိုင်ငံမှ သုတေသန ပညာရှင်တစ်စုသည် အီဂျစ်မှ မံမီရုပ်အလောင်းများတွင် ကိုကင်းနှင့် မူးယစ်ဆေးဝါး အကြွင်းအကျန်များ တွေ့ရှိခဲ့ရကြောင်း ၁၉၉၂ ခုနှစ်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတို့သည် ရှေးခေတ် လူ့အဖွဲ့အစည်း အတွင်း စိတ်အာရုံကို ထွေပြားစေသည့် အရာများအား သုံးစွဲခဲ့မှုကို ဖော်ထုတ်ရန် ကြိုးပမ်းနေကြသူများ ဖြစ်ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

နီကိုတင်းနှင့် ကိုကင်းတို့သည် အမေရိကတိုက်တွင်သာ တွေ့ရသည့် အပင်များ ဖြစ်ကြသော်လည်း အီဂျစ်တို့သည် အမေရိကတိုက်မှ လူများနှင့် ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံမှု ရှိခဲ့ကြောင်း ဒေါက်တာဘာလဘနိုဗာနှင့် အဖွဲ့က မှန်းဆခဲ့ကြပါတယ်။ ဤသို့ဆိုလျှင် အီဂျစ်တို့သည် အနောက်ကမ္ဘာခြမ်းကို ဥရောပသားတို့ထက် စောစွာ ရှာဖွေတွေ့ရှိခဲ့ကြသည်ဟု ယူဆနိုင်ခဲ့ကြပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

Source : မောင်သာ( ရှေးဟောင်းသုတေသန)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။