အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတအဖွာဖွာကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload Page ကနေ အခုတစ်ခါမှာဆိုရင်တော့ ကမ္ဘာ့ပေါ်မှာရှိတဲ့ အပြာရောင်တွင်းနက်ကြီး အကြောင်းကို ဖော်ပြပေးသွားမှာပါ...။ ပရိသတ်ကြီးရေ....ထို အပြာရောင်တွင်းနက်ကြီးဟာဆိုရင် တစ်ကယ့်ကို ထူးဆန်း အံ့သြဖွယ်ကောင်းတဲ့ နေရာလေးဖြစ်ပြီး နိုင်ငံအရပ်ရပ်က ခရီးသွားတွေရဲ့ စိတ်ဝင်စားမှု အများအပြားကိုလက်ခံရရှိထားကာ မြင်သူတကာကို ဆွဲဆောင်ဖမ်းစားနေတာပါနော်...။
ထို "Grate Blue Hole" လို့ ခေါ်တဲ့ အပြာရောင်တွင်းနက်ကြီးဟာ "Belize"မြို့တော်ကြီးမှ မိုင် ၆၀ အဝေးမှာရှိနေပြီး ကမ္ဘာ့အကြီးဆုံး ပင်လယ်တွင်းနက် ကြီးပဲဖြစ်ပါတယ်...။ ထိုအပြာရောင်တွင်းနက်ကြီးလို့ခေါ်တဲ့ ပင်လယ်ပြင်တွင်းနက်ကြီးဟာ ကြည်လင်အေးမျှနေပြီး၊ တစ်ခါမှ မမြင်ဖူးတဲ့ ရေနေသတ္တဝါအထူးအဆန်းတွေ၊ ရေညှိမှော်နွယ်ပင်တွေက သွားရောက်လည်ပတ်သူ ခရီးသွားများအားလုံးကို သဘာဝခံစားမှု အပြည့်အဝ ပေးစွမ်းနိုင်စွမ်းရှိတာ ဖြစ်ပါတယ်...။
ထိုတွင်းနက်ကြီးက အနက်မီတာ ၁၂၅ မီတာရှိပြီး၊ မီတာ ၃၀၀ခန့်လောက် ကျယ်ပြန့်လျက်ရှိပါတယ်...။ ဒီတွင်းနက်ကြီးကတော့ နှစ်ပေါင်း ၆၅၀၀၀ခန့်က ပင်လယ်ရေပြင် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာခဲ့တာပါ...။ ကမ္ဘာလှည့်ခရီးသွားတွေကတော့ ကျုးဘား ရေငုတ်သမားများနှင့်အတူ နှစ်စဉ်နှစ်တိုင်း ရေအောက်ထဲက သတ္တဝါကောင်တွေ အထူးအဆန်းတွေကိုဆင်းပြီး ရှာဖွေကြတယ်လို့ သိရပါတယ်...။ ပင်လယ်ဆားငံရေ သိပ်သည်းဆ အလွန်များတဲ့ ဤတွင်းကြီးထဲမှာတော့ ထူးဆန်းတဲ့ သက်ရှိ၊ ငါးသတ္တဝါ များနဲ့ ရေငုတ်သမား များကြားမှာ နှစ်စဉ်နှစ်တိုင်း အသက်လု စိန်ခေါ်မှုတွေရှိနေပါတယ်...။
Source Once A Glance Page
photo credit Once A Glance Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။