မေကဗျာကတော့ အနပညာလောကမှာ အချိန်အတော်ကြာရပ်တည်နေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ အခိုင်အမာရရှိထားတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်။

photo credit: May Kabyar 's facebook
photo credit: May Kabyar 's facebook

သူမကတော့ မကြာခင်မှာရုံတင်မယ့် ကမ္ဘာနှစ်ထပ်ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး " ကိုနိုင်ရဲ့ ဇနီးအဖြစ်သရုပ်ဆောင်ထားပါတယ် ကမ္ဘာနှစ်ထပ်ရုပ်ရှင်ကား ရိုက်ရင်း သမီးလေးကိုလည်း အချိန်ပေးရမယ်ဆိုတာကို တွေးမိလာတယ် အနပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက် သားသမီးကို အချိန်ပေးရတာ အရမ်းနည်းတယ် အလုပ်နဲ့သားသမီးယှဉ်လာရင် ကလေးပွဲတွေဆို မလိုက်ပေးဖြစ်တာ များတယ် " ဆိုပြီး ပြောထားပါတယ်။

photo credit: May Kabyar 's facebook
photo credit: May Kabyar 's facebook

ကမ္ဘာနှစ်ထပ်ရုပ်ရှင်ကားမှာ သူမရဲ့ သမီးလေးအဖြစ် သရုပ်ဆောင်ထားတဲ့ ပြည့်ပြည့်လေးနဲ့ ပတ်သက်ပြီး " ပြည့်ပြည့်လေးက သွန်သင် ဆုံးမစရာကို မလိုတာ ဒီဇာတ်ကားထဲမှာ ပြည့်ပြည့်လေးက အဓိကပေါ့ ဒီကားလေးက ပြည့်ပြည့် အရမ်းတော်လို့ ကောင်းတာပါ ... သူက တကယ်ကို ပါရမီရှင်လေးပါ အရမ်းလဲ ချစ်ဖို့ကောင်းပါတယ် " ဆိုပြီးပြောထားခဲ့ပါတယ်။

source: myanmar load tv 

photo credit: May Kabyar 's facebook
photo credit: May Kabyar 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။