သရုပ်ဆောင်အဆိုတော်ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်ခဲ့သူဖြစ်ပြီးအခုလက်ရှိမှာလည်းတေးသီချင်းများသီဆိုနေကာ ပရိသတ်တွေရဲ့အားပေးခြင်းကိုရရှိထားတာပါ။ အခုအချိန်ထိလည်းအသက်ငယ်ငယ်နအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ မိန်းကလေးတိုင်းအားကျရတဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမရဲ့ဘိုဆန်ဆန်ဆွဲဆောင်မှုရှိတဲ့မျက်နှာလေးကလည်း ပရိသတ်တွေရဲ့အချစ်ကိုပိုစေတာပါ။ 

Photo Credit-Wae Soe Moe Oo's Facebook
Photo Credit-Wae Soe Moe Oo's Facebook

ဝါဆိုမိုးဦးဟာအနုပညာအလုပ်တွေကို ချစ်သူဖြိုးလေးနဲ့အတူတွဲဖက်လုပ်ကိုင်လျှက်ရှိပြီး သူတို့နှစ်ယောက်ဟာနားလည်မှုရှိရှိနဲ့ချစ်သူဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေကြတာပါ။ နှစ်ယောက်လုံးဟာ လိုက်ဖက်ညီလွန်းတာကြောင့်ပရိသတ်တွေက အားကျချစ်ခင်နေရတာပါ။ ချစ်သူဖြိုးလေးကလည်း ဝါဆိုကို အရမ်းချစ်ပြီးမျက်နှာတစ်ချက်တောင်အပျက်မခံဘဲ ဂရုစိုက်တတ်လွန်းသူလေးပါ။

Photo Credit-Wae Soe Moe Oo's Facebook
Photo Credit-Wae Soe Moe Oo's Facebook

ဝါဆိုမိုးဦးဟာ မိသားစုနဲ့အတူအပန်းဖြေရန် စင်ကာပူနိုင်ငံကိုရောက်ရှိနေတာပါ။ ဝါဆိုတို့မိသားစုဟာစင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာတွေကိုလည်ပတ်နေကြတာဖြစ်ပြီး သူမတို့အပန်းဖြေဓာတ်ပုံများကို လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပါ။ အခုလက်ရှိမှာလည်း ဝါဆိုကတော့လူတွေရဲ့ပြောင်းလဲတတ်တဲ့စိတ်နေသဘောထားလေးကို သူမရဲ့အမြင်လေးကိုရင်ဖွင့်ထားတာကတော့" လူတွေကလား ကိုယ်သူတို့အပေါ်ကောင်းလဲ သူတို့မကောင်းကိုယ်မကောင်းလဲ သူတို့မကောင်းအဲ့ဒီတော့ ကိုယ်နေတတ်သလိုနေလိုက်တယ်" ဆိုပြီးခံစားချက်လေးတွေကိုရင့်ဖွင့်ထားတာလေးကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit-Wae Soe Moe Oo's Facebook 

Photo Credit-Wae Soe Moe Oo's Facebook
Photo Credit-Wae Soe Moe Oo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။