ပရိသတ်ကြီးရေ မင်းသမီးချောလေး အကယ်ဒမီစိုးပြည့်သဇင်ကတော့ အနုပညာမျိုးရိုးကနေဆင်းသက်လာတာကြောင့် အနုပညာမှာပါရမီပါပြီး အောင်မြင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။စိုးပြည့်က ချစ်မကြီးစိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့လိုပဲ အိုင်တင်အရမ်းကောင်းပြီး အရမ်းချောမောလှပတဲ့မင်းသမီးလေးဖြစ်တာကို ပရိသတ်ကြီးကလည်းအသိအမှတ်ပြုပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook/Amazing Grace

စိုးပြည့်ပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေကတစ်ခဲနက်အားပေးဝန်းရံကြပြီး ယနေ့အချိန်ထိတိုင် သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။စိုးပြည့်ကတော့ သဘောကောင်းမနောကောင်းပြီး စိတ်ထားလေးကလည်း ဖြူစင်သန့်ရှင်းကာ စကားပြောရင်လည်းအေးအေးဆေးဆေးဖြစ်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

စိုးပြည့်က အခုလက်တလောမှာတော့ "သုံးပန်လှကျိန်စာ"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်နေပါတယ်။စိုးပြည့်ရဲ့ဇာတ်ရုပ်လေးဟာဆိုရင်"ကျွန်မနာမည်ခင်ဖြူအောင်...ဆိုင်ကယ်စီးတယ်...ရှေးဟောင်းအမွေအနှစ်တွေကိုမြတ်နိုးတယ်.....သီရိခေတ္တရာပြတိုက်မှာအလုပ်လုပ်နေတဲ့မိန်းကလေးပေါ့..."ဆိုပြီး မြန်မာဆန်ဆန်လေးနဲ့ကျက်သရေရှိစွာလှပနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

Photo Credit:Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။