နိုင်းနိုင်းကတော့ ယောကျာ်းပီသတဲ့ ပုံစံလေးတွေ တည်ကြည်တဲ့ နေထိုင်ပုံတွေကြောင့် ပရိသတ်တွေ လေးစားချစ်ခင်ကြပြီး ပရိသတ်တွေရဲက အားပေးမှုကို အခိုင်အမာရရှိထားပါတယ်။ နိုင်းနိုင်းကတော့ မကြာမီမှာ ရုံတင်တော့မယ့် ကမ္ဘာနှစ်ထပ်ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားခဲ့တာပဲဖြစ်ပါတယ်။

photo credit : Actor 99 's facebook
photo credit : Actor 99 's facebook

နိုင်းနိုင်းကတော့ ကမ္ဘာနှစ်ထပ်ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး " ကမ္ဘာနှစ်ထပ်ရုပ်ရှင်မှာ ဖခင်တစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ် အမှတ်တရတွေလဲ အများကြီးရှိပါတယ် ကလောမှာ သွားရိုက်တဲ့ အခါမှ တကယ်ကို မနက်အစောကြီး ထ ၅နာရီမထိုးခင်ရောက်အောင်သွားရတယ် ပြီးတော့ နေထွက်ခါနီးအချိန်ကို တိုက်ပြီးတော့ရိုက်ရတယ် " ဆိုပြီး ပြောပြထားခဲ့ပါတယ်။

photo credit : Actor 99 's facebook
photo credit : myanmar load tv

နိုင်းနိုင်းကတော" ပြည့်ပြည့်က ပါရမီပါတဲ့ ကလေး တစ်ယောက်ပါ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံလေးကို ပြောပြပြီးတော့မှ လိုချင်တဲ့ ပုံစံကို မရောက် ရောက်အောင် ဆွဲခေါ်လိုက်ရုံပဲ သူက နည်းနည်း ပြတာနဲ့ များများမြင်တယ် ကမ္ဘာနှစ်ထပ်က ချစ်စရာကောင်းတဲ့ ကားလေးပါ heavy drama မဟုတ်ပါဘူး ဟာသလေးလဲ ပါတယ် drama လည်း ပါတယ် action လေးတွေလည်း ပါတယ် ရသလေးစုံအောင် ဖန်တီးထားတဲ့ ကားလေးပါ လာရောက်ကြည့်ရူဖို့ ဖိတ်ခေါ်ချင်ပါတယ် " ဆိုပြီး ပြောထားခဲ့ပါတယ်။

source: myanmar load tv

photo credit : myanmar load tv
photo credit : myanmar load tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။