ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင် အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေထဲမှာ ခင်ဇာခြည်ကျော်ရဲ့ သားလေး ဘုန်းမင်းနေလကလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။

ချောမောခန့်ညားပြီးဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ လူငယ်ပီပီပျော်ပျော်နေတဲ့တတ်တဲ့ ဘုန်းမင်းနေလကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို အများဆုံး ရရှိထားသူသလို အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်..။


Photo Credit - Khinzar Chikyaw Zar’s Facebook
Photo Credit - Khinzar Chikyaw Zar’s Facebook

ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်မင်းသားချောလေး ဘုန်းမင်းနေလကတော့ လတ်တလောမှာ အူအတတ်ပေါက်လို့ ဆေးရုံမှာ ခွဲစိတ်မှုတွေပြုလုပ်ပြီး ဆေးကုသမှုခံယူနေတယ်ဆိုတာ ပရိသတ်တွေအသိပါပဲနော်..။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ညတွင်းချင်းခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့ရတဲ့ ပရိသတ်တွေရဲ့အချစ်တော်လေး ဘုန်းမင်းလေးကတော့ အခုချိန်ထိ ဆေးရုံမှာ အနားယူနေရပြီး လတ်တလောမှာလည်း အဖျားပြန်တက်နေပါတယ်နော်..။


Photo Credit - Khinzar Chikyaw Zar’s Facebook
Photo Credit - Khinzar Chikyaw Zar’s Facebook

မေမေခင်ဇာခြည်ကျော်နဲ့ ညီမလေးထင်သစ္စာတို့ကလည်း ဘုန်းမင်းလေးကို ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်နေကြပြီး ဘုန်းမင်းလေးရဲ့ လက်ရှိအနေအခြေတွေကိုလည်း ချစ်ပရိသတ်တွေကို အမြဲအသိပေးပြောပြထားကြပါတယ်နော်..။

ချစ်ရတဲ့ ပရိသတ်တွေကလည်း ဘုန်းမင်းလေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အမြန်ဆုံးပြန်လည်ကောင်းမွန်ပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်နိုင်ဖို့အတွက် အားပေးစကားလေးတွေနဲ့ ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်..။

Photo Credit - Khinzar Chikyaw Zar’s Facebook
Photo Credit - Khinzar Chikyaw Zar’s Facebook

Photo Credit - Khinzar Chikyaw Zar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။