ပရိသတ်ကြီးရေသရုပ်ဆောင်မင်းသမီးချောလေး ခင်လေးနွယ်ကတော့ ရိုးရိုးယဉ်ယဉ်လေးနဲ့ မြင်ရသူတိုင်းကိုရင်အေးစေတဲ့သူမရဲ့အလှတွေကြောင့်ပုရိသတွေရဲ့အသည်းစွဲဖြစ်လာတာပါ။ခင်လေးနွယ်ဟာ အခုချိန်ထိ ဆယ်ကျော်သက်အရွယ်လေးလို ငယ်ရွယ်နုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့အပြုံးလေးကလည်း တကယ်ဖြူစင်ပြီးချစ်ဖို့ကောင်းနေတာပါ။သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီး အခုအချိန်မှာတော့ အရင်ကလောက်အနုပညာအလုပ်တွေကိုမလုပ်တော့ပဲ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးကို ဖွင့်လှစ်ထားတာပါ။

Photo Credit - Khin Lay Nwe's Facebook
Photo Credit - Khin Lay Nwe's Facebook

တိုင်းရင်းသူမင်းသမီးချောလေးခင်လေးနွယ်ကတော့ မကြာခင်မှာမင်္ဂလာဆောင်တော့မှာဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့သတို့သားလေးကို စိတ်ဝင်စားနေကြတာပါ ။ခင်လေးနွယ်ဟာ သူမဖြတ်သန်းခဲ့တဲ့အနုပညာသက်တမ်းတစ်လျှောက် နာမည်ဆိုးလုံးဝမရှိခဲ့ဘဲ အေးဆေးတည်ငြိမ်စွာနဲ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတာပါ။

Photo Credit - Khin Lay Nwe's Facebook
Photo Credit - Khin Lay Nwe's Facebook

ခင်လေးနွယ်ဟာ မကြာခဏသူငယ်ချင်းများနဲ့အတူ ခရီးထွက်လေ့ရှိသူဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက်ပါ။သူမရဲ့ပုံလေးတွေကိုကြည့်လိုက်တာနဲ့ အေးအေးချမ်းချမ်းနဲ့အမြဲလှပနေတာပါ။ အခုတစ်ခေါက်မှာလည်း ဦးထုပ်လေးတွေဆောင်းကာ ကလေးတစ်ယောက်လိုချစ်စရာကောင်းတဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာပါ။ ပရိသတ်တွေအတွက် ခင်လေးနွယ်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit - Khin Lay Nwe's Facebook

Photo Credit - Khin Lay Nwe's Facebook
Photo Credit - Khin Lay Nwe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။