ပရိသတ်ကြီးရေ....လူတူမရှား၊ နာမည်တူမရှားဆိုတဲ့ ဆိုရိုးစကားလေးကို ကြားဖူးကြမှာပါ...။ ထိုစကားလေးက ယခုဖော်ပြမယ့် သတင်းအကြောင်းအရာနှင့်ဆက်စပ်မှုရှိသလို အခုခေတ်လူငယ်တွေကြားထဲမှာ ရေပန်းစားလျက်ရှိတဲ့ "Time Travel" (အချိန်ခရီးသွားတယ်)ဆိုတဲ့ သိပ္ပံ အကြောင်းအရာနဲ့လည်း ဆက်စပ်နေပါတယ်...။ အခုလက်ရှိခေတ်မှာ နာမည်ကြီး အနုပညာရှင်၊ cele များက ရှေးခေတ်ကာလက နာမည်ကြီး သူများနှင့် လူချင်းခွဲမရအောင် တူနေရခြင်းက အချိန်ခရီးသွားတာဟာ တစ်ကယ်ပဲရှိနေတာလား ၊ ဒါမှမဟုတ် ဒီအတိုင်းပဲ ရုပ်ချင်းဆင်နေကြတာလား ဆိုတာကတော့ စဉ်းစားဆွေးနွေးစရာ၊ ကိစ္စရပ်တစ်ခုပင်ဖြစ်နေပါတော့တယ်...။

photo credit Once A Glance Page

ယခုလက်ရှိ ကမ္ဘာကျော်မင်းသားတစ်ဦးဖြစ်တဲ့ "Orlando Bloom"ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်ပြီး "The Lord of the Rings"၊ "Pirates of the Caribbean" အစရှိတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်...။ ယခု လက်ရှိ Orlando ဟာ အရင်ခေတ် "Nicolae Grigorescu" ဆိုသူနဲ့ တော်တော်လေးကို ရုပ်ချင်းဆင်နေတာဖြစ်ပါတယ်...။ နောက်ပြီး ကလေး၊ လူကြီးမရွေးသိကြတဲ့ တိုက်တန်းနစ် မင်းသား "Leonardo DiCaprio"က အရင်ခေတ်က "judy zipper"လို့ ပြောရလောက်အောင် ရုပ်ချင်းဆင်တူနေတာဖြစ်ပါတယ်...။

photo credit Once A Glance Page

ယခု ခေတ် နာမ်မည်ကြီး တွေနဲ့ အရင်ခေတ် နာမ်မည်ကြီးတွေဟာ ရုပ်ခြင်းတူလွန်းတဲ့အတွက်ကြောင့် သိပ္ပံ ရုပ်ရှင်ကားတွေထဲက "Time traveller" အချိန်ကို နောက်ပြန် (သို့မဟုတ်) ရှေ့သို့ သွားနေကြသူများလို့တောင် ထင်ရလောက်ပင်ဖြစ်နေပါတယ်...။ သိပ္ပံဘာသာရပ် ကို အလွန်ယုံ ကြည်နေကြတဲ့ ခေတ် လူငယ်လေးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရကြရတဲ့ နာမည်ကြီး အနုပညာရှင်တွေပဲဖြစ်ပါတယ်...။ ပရိသတ်ကြီးကော Time traveller ဆိုတာတစ်ကယ်ရှိတယ်လို့ထင်သလား၊ ထိုသူတွေက တစ်ချိန်မှာ Time traveller နှင့်အတူပျောက်ကွယ်သွားနိုင်သလား၊ ဒါမဟုတ် ရုပ်ခြင်းပဲတူနေကြတာလားဆိုတာကို ထင်မြင်သုံးသပ်ချက်လေးတွေ မျှဝေပေးသွားပါဦးနော်...။

Source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။