တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉အမျိုးသားအသင်းဟာ အောက်တိုဘာ ၈ရက် ညနေပိုင်းက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းဟာ တရုတ်(တိုင်ပေ)ယူ၁၉ ဖိတ်ခေါ်ဖလားတွင် ပရိသတ်တွေကျေနပ်လောက်တဲ့ ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။

source: MFF ' s facebook
source: MFF ' s facebook
source: MFF ' s facebook

မြန်မာယူ-၁၉အမျိုးသားအသင်းဟာ အောက်တိုဘာလ ၁၀ရက်နေ့အထိ တောင်ကြီးမြို့တွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းနောက် အောက်တိုဘာလ ၁၁ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၀ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ပါတယ်။

source: MFF ' s facebook
source: MFF ' s facebook
source: MFF ' s facebook

မြန်မာ ယူ-၁၉ အမျိုးသားအသင်းဟာ နိုဝင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပမည့် ၂၀၂၀ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု (I)တွင် တောင်ကိုရီးယားအသင်း ၊ တရုတ်အသင်း၊ စင်ကာပူအသင်းစတဲ့ နာမည်ကြီးအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

source: MFF ' s facebook 

source: MFF ' s facebook
source: MFF ' s facebook
source: MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။