၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကာဂျစ်စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားရန် ကာဂျစ်စတန် နိုင်ငံ Bishkek မြို့သို့ ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် အသင်းဟာ ကန့်စီတီး လေကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးအောက်တိုဘာလ ၉ ရက်နေ့ ဒေသစံတော်ချိန် ည ၈း၀၀ အချိန်တွင် ပြိုင်ပွဲ ကျင်းပမည့် Dolen Omurzakov Stadium တွင် Official Training ပြုလုပ်မည် ဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာလက်ရွေးစင်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကာဂျစ်စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားဖို့အတွက် အတောင့်တင်းဆုံးလူစာရင်းကို ရွေးချယ်ထားခဲ့တာပဲဖြစ်ပြီး ဒဏ်ရာကြောင့် မောင်မောင်လွင်နဲ့ ကျော်ကျော်ကိုတို့ကတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ မြန်မာလက်ရွေးစင်အသင်းဟာ ဂျပန်အသင်းကိုလဲ ၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားသလို မွန်ဂိုးလီးယားအသင်းကို ၁ဂိုး ဂိုးမရှိနဲ့ ရှုံးထားတာဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာအသင်းအနေနဲ့ နိုင်ပွဲမရရှိသေးတာကြောင့် နိုင်ပွဲရရှိအောင် အစွမ်းကုန်ကြိုးစားမှာဖြစ်ပြီး ကစားသမားတွေရဲခြေစွမ်းကို ပရိသတ်တွေအနေနဲ့ စောင့်ကြည့်နေကြပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းဟာ ကာဂျစ်စတန်အသင်းနှင့် အောက်တိုဘာ ၁၀ ရက် တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။