နှင်းဆီဇာတ်လမ်းတွဲမှတစ်ဆင့် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကို ရရှိထားသူကတော့ သရုပ်ဆောင် ဝေလာရီပါ။ သူမဟာ အဆိုတော် လိမ္မော်သီးရဲ့ ညီမလေးဖြစ်ပြီး အနုပညာအလုပ်တွေကို အမဖြစ်သူနဲ့အတူတကွ လုပ်ကိုင်နေတာပါ။ ဝေလာရီဟာ သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုဘက်တွင်ပါ ထူးချွန်သူတစ်ယောက်ပါ။  

Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook

လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးများ ဆက်တိုက်ရိုက်ကူးနေရတာပါ။ မြန်မာဆန်ဆန်ရှုတိုင်းယဉ်လွန်းတဲ့အလှတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာပါ။ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ နှင်းဆီလှေ ရန်ပုံငွေအငြိမ့်ဖျော်ဖြေပွဲတွင်လည်း တေးသီချင်းများနဲ့သွားရောက်ေဖျော်ဖြေခဲ့တာပါ။ သူမရဲ့လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ဝေမျှလေ့ရှိသူတစ်ယောက်ပါ။  

Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook

အခုတစ်ခါမှာလည်း "မကြာခင် သီတင်းကျွတ်တော့မယ် ..

မင်းနဲ့အတူ နေရာစုံအောင် ..

လျှောက်လည်ချင်တယ် .

အကိုကျော်နဲ့ မိမော်ကို လွမ်းနေသူများအတွက် .. " ဆိုပြီး ရေးသားပြီး သရုပ်ဆောင် စည်သူဝင်းနဲ့အတူသီတင်းကျွတ်အကြို မီးပုံးလေးတွေချိတ်ဆွဲပြင်ဆင်နေကြတဲ့ ပုံလေးတွေကိုတင်ထားတာပါ။ ပရိသတ်ကြီးအတွက် ဒီပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Wai Lar Yi's Facebook 

Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။