ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချော အကယ်ဒမီများရှင် ဖွေးဖွေးကတော့ ယောင်္ကျားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်လေးလည်း ဖြစ်ပါတယ်နော်..။

ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ဖွေးစိန်လေးကတော့ သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ဖြူစင်တဲ့ စိတ်သဘောထားစေတနာလေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြတာပါ..။


Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး စိတထားလေးကလည်း ဖြူစင်တဲ့ အချစ်တော်ဖွေးစိန်လေးကတော့ အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိသလို အခုတစ်ခါမှာလည်း မနက်စောစောဌက်လေးတွေကို အစာကျွေးရင်း ကုသိုလ်ယူနေပြန်ပါတယ်နော်..။

မနက်စောစောအချိန်လေးမှာ ခိုလေးတွေကို အစာကျွေးရင်း ပျော်နေတဲ့ချစ်စရာပုံရိပ်လေးတွေနဲ့ ကြည်နူးစရာ ဗီဒီယိုဖိုင်လေးကိုလည်း ဖွေးစိန်လေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်နော်..။


Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

ဖြူစင်ပြီး သဒ္ဒါတရားထက်သန်တဲ့ ချစ်စရာစိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ ဖွေးစိန်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပြီး ကြည်နူးမှုလေးတွေလည်း ကူးစက်စေတာမို့ ဆုောတင်းစကားလေးတွေလည်း ပြောထားကြပါတယ်..။

ဒီကနေ့လေးမှာတော့ အသည်းကျော်ဖွေးစိန်လေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Phway Phway’s Facebook
Photo Credit - Phway Phway’s Facebook

Photo Credit - Phway Phway’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။