ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်ဖြစ်လာတဲ့ မင်းသမီးချောလေး ဖြူဖြူထွေးဟာဆိုရင် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ နှစ်အနည်းငယ်ပဲရှိသေးပေမယ့် အောင်မြင်မှုတွေကိုရရှိနေပြီဖြစ်တဲ့ တက်သစ်စမင်းသမီးလေးပဲဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ ကျောင်းမှာကတည်းက အနုပညာကိုဝါသနာပါတာကြောင့် အကဗီဒီယိုဖိုင်လေးတွေကို လူမှု့ကွန်ယက်စာမျက်နှာမှာ မျှဝေရင်း ပရိသတ်တွေကသတိထားမိလာတာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

ဖြူဖြူထွေးက အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေရပြီး ကြော်ငြာတွေလည်းအဆက်မပြက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့ စိတ်ထားဖြူစင်ပုံလေးတွေနဲ့ ပွင့်လင်းရိုးသားပုံလေးတွေကို ပရိသတ်တွေကမြင်မိပြီး အားပေးချစ်ခင်လာကြတာဖြစ်ပါတယ်နော်။မိဘကိုလည်း လုပ်ကျွေးပြုစုနေတဲ့သမီးလိမ္မာလေးဖြစ်တာကြောင့် အောင်မြင်မှုတွေဆိုတာကလည်း ခဏလေးနဲ့ရရှိလာတာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

အခုဆိုရင်တော့ ဖြူဖြူထွေးက အလုပ်ကိစ္စနဲ့စင်ကာပူနိုင်ငံကို ရောက်ရှိနေပြီးစင်ကာပူရဲ့ အထင်ကရနေရာတွေကို စိတ်ကြိုက်လည်ပတ်နေတာဖြစ်ပါတယ်။တီးလုံးသံကြားရင် မနေနိုင်တဲ့ ဖြူဖြူထွေးက စင်ကာပူရဲ့လမ်းမထက်မှာ မြူးကြွနေတဲ့ တီးလုံးသံကြောင့် ကွေးနေအောင်ကပြီး ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

Photo Credit:Phyu Phyu Htwe's Facebook

Video Credit:Phyu Phyu Htwe's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။