ဖျံဘီလူးတွေဟာ အမည်နှင့်လိုက်အောင်ပင် အလွန်ကြီးမားထွားကြိုင်းကြပြီး သားစားဖျံမျိုးရင်း တွင် ကိုယ်လုံးအရှည်လျားဆုံးလည်း ဖြစ်ပါတယ်။ ဖျံဘီလူးအထီးတို့သည် ခေါင်းမှအမြီးအထိ ၂ မီတာ( ၆ ပေ) အထိ ရှည်လျားကာ ဂဏန်းနှင့်ငါးများကို အဓိကစားသုံးကြပါတယ်။ ဖျံဘီလူးတွေဟာ သုံးကောင်မှ ရှစ်ကောင်အထိ အုပ်စုဖွဲ့ကာ အစာရှာကြပြီး

Photo Credit : Pngtree
Photo Credit : Pngtree

တစ်ရက်လျှင် အစာ ၄ ကီလိုဂရမ်( ၉ ပေါင်) ခန့်စားကြပါတယ်။ ဖျံဘီလူးတွေရဲ့ ပုံစံဟာ ကြည့်ကောင်းသော သွင်ပြင်လက္ခဏာများရှိကြသော်လည်း အနာကွန်ဒါများကိုပင် အုပ်စုဖွဲ့ကာ တိုက်ခိုက် စားသုံးတတ်ကြပါတယ်။ မိကျောင်းနက်များကိုလည်း အုပ်စုဖွဲ့တိုက်ခိုက်ကာ အရိုးအသားမကျန်အောင် စားပစ် လေ့ရှိ ကြပြီး ၅ ပေခန့်ရှည်သော မိကျောင်းနက်တစ်ကာင်းကို ဖျံဘီလူးအုပ်စု တစ်ခုက ၄၅ မိနစ်အတွင်း စား ပစ်ခဲ့ ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

သို့သော်လည်း လူတို့၏ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဖျံဘီလူးများရဲ့ အရေအတွက်လျော့ကျလာနေပေမယ့်လည်း အမေဇုန်မြစ် အတွင်းကျွမ်းကျင်ထက်မြက်သော အသားစားသတ္တဝါအဖြစ် လူသိများကာ ဒေသအခေါ်မှာ မြစ်တွင်းဝံပလွေ လို့ အမည်ပြောင်ပေးထားတားကြပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။