မအေးသောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော မအေးသောင်းကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို မွန်မြတ်ပြီး ဖြူစင်တဲ့ စိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။


Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography

အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းလေးကတော့ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အမိုက်စား ပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးပါပဲ..။

အခုတစ်ခါမှာလည်း အနုပညာရှင်မောင်နှမတွေဖြစ်ကြတဲ့ ပိုင်တံခွန်၊ ကောင်းမြတ်စံ၊ မေတိုးခိုင်နဲ့ နော်ဖော်အယ်ထားတို့နဲ့အတူ ဆန်းကစ်ရဲ့ အခမ်းအနာားပွဲလေးကို အတူတက်ရောက်ရင်း ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ ပျော်နေပြန်ပါတယ်နော်..။


Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography

ချစ်စရာကောင်းတဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း “အပြုံးတွေဆုံတဲ့နေ့

ဆန်းကစ်နေ့

ပြုံးပြုံးလေးနော်..” ဆိုပြီး ချစ်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပါ..။

ချစ်ရတဲ့ အနုပညာရှင် မောင်လေး ညီမလေးတွေနဲ့ ပျော်နေတဲ့ မအေးသောင်းလေးရဲ့ ချစ်စရာပုံရိပ်လေေးတွကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography
Photo Credit – Li John Photography

Photo Credit – Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။