သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်လေးဖြစ်တဲ့ ဖွေးဖွေးဟာဆိုရင် ဟိုးအရင်ကတည်းက အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာခဲ့ပြီး ယနေ့အချိန်မှာတော့ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဖွေးဖွေးကတော့ အနုပညာကိုအရမ်းဝါသနာပါတာကြောင့် စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားအားထုတ်လို့ သူမသရုပ်ဆောင်တဲ့ဇာတ်ရုပ်တိုင်းကလည်း ပီပြင်ပိုင်နိုင်ပါတယ်နော်။

Photo Credit:Nay Min Tun & Amazing Grace Team
Photo Credit:Nay Min Tun & Amazing Grace Team
Photo Credit:Nay Min Tun & Amazing Grace Team
Photo Credit:Nay Min Tun & Amazing Grace Team

ဖွေးဖွေးကိုတော့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအများအပြားလည်းရှိပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်မျှော်ကြည့်ရှု့နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖွေးဖွေးပါဝင်သရုပ်ဆောင်ထားတဲ့ ပပဝတီစီရင်ခန်း ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေက ရုံတင်ရင်အားပေးကြမှာဖြစ်ပြီး မပြသခင်ကတည်းက နမူနာနဲ့တင် ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်နေတာကြောင့် အောင်မြင်လာဦးမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Photo Credit:Nay Min Tun & Amazing Grace Team
Photo Credit:Nay Min Tun & Amazing Grace Team
Photo Credit:Nay Min Tun & Amazing Grace Team
Photo Credit:Nay Min Tun & Amazing Grace Team

အခုဆိုရင်တော့ ဖွေးဖွေးက ချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့အတူ ပပဝတီစီရင်ခန်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ Cele Show ကို တက်ရောက်လာတာဖြစ်ပါတယ်။ပန်းနုရောင်ဂါဝန်လေးနဲ့ အရမ်းလှပနေပြီး အသက်၃၁နှစ်အရွယ်လို့ ထင်ရက်စရာမရှိလောက်အောင် ဖူးပွင့်စပန်းလေးတစ်ပွင့်လို ပျိုမျစ်နုနယ်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်းဖွေးဖွေးရဲ့ အရမ်းလှနေတဲ့ပွဲတက်ပုံရိပ်လေးတွေကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Min Tun & Amazing Grace Team
Photo Credit:Nay Min Tun & Amazing Grace Team
Photo Credit:Nay Min Tun & Amazing Grace Team
Photo Credit:Nay Min Tun & Amazing Grace Team

Source:Phway Phway's Facebook

Photo Credit:Nay Min Tun & Amazing Grace Team

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။