Alucard ဆိုတဲ့ Hero ကတော့ တစ်ချိန်တစ်ခါတုန်းက လူကြိုက်များပြီး လူကိုင်များတဲ့ Fighter တစ်ယောက်ဖြစ်ခြ့ပါတယ်။ မိန်းကလေးတွေတော်တော်များများလဲ သူ့ကိုကြွေကြသလို သူရဲ့အချစ်ရေးကိုလဲ လူတော်တော်များများ စိတ်ဝင်စားခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ခုချိန်မှာတော့ သူဟာပျောက်ကွယ်လုနီးပါရှိနေပြီဖြစ်တဲ့ Hero လေးပေါ့။ သူကတော့ခုချိန်ထိ ကိုင်လို့ကြမ်းလို့ကောင်းပါသေးတယ်....အသက်မကြီးသေးပါဘူး။ အောက်မှာတော့ Skill ရှင်းလင်းချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Skill 1ကတော့ သတ်မှတ်နေရာကို ခုန်သွားမှာဖြစ်ပြီး ရန်သူကိုထိရင် Damage ထိစေကာ ၂စက္ကန့်ကြာအောင် နှေးနေစေပါမယ်။ Skill 2 ကတော့ သူရဲ့ဓားကိုလှည့်လိုက်ကာ ဘေးကရန်သူတွေကို Damage ထိစေမှာဖြစ်ပါတယ်။ Ulti ကတော့ ဓားမှာအရောင်ထသွားမှာဖြစ်ပြီး Physical Lifesteal ၂၀ရာခိုင်နှုန်းတိုးမှာဖြစ်ကာ ရန်သူတစ်ယောက်ကို မှတ်ထားမှာဖြစ်ပါတယ်။ အဲ့ချိန်မှာ သူရဲ့ Lifesteal Effect ၁၀၀ရာခိုင်နှုန်းတိုးလာမှာအုန်းမှာပါ။Ulti က ၈စက္ကန့်ကြာအောင် ရရှိနေမှာဖြစ်ပြီး အဲ့အချိန်အတွင်း Ulti ကိုထပ်နှိပ်ရင် စွမ်းအားလိုင်းတစ်ခုပစ်လိုက်မှာဖြစ်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ Skill တစ်ခုသုံးတိုင်း ရန်သူဆိကို အမြန်လှမ်းခုတ်နိုင်မှာဖြစ်ပါတယ်။ Battle ဆိုင်ပြီးဆိုရင် Skill 1 နဲ့ဝင်ပြီး Ulti သုံးကာ ခုတ်ပါ။ Skill 2 ကိုလဲသုံးဖို့မမေ့ပါနဲ့...တစ်ယောက်ဆိုတစ်ယောက်ကိုပဲ Lock ချပြီတာ ခုတ်ပါ။ Fighter ဆိုတော့လဲ တွေ့ရာမြင်ရာခုတ်ရမှာပါပဲ...ဘာပဲဖြစ်ဖြစ် တစ်ယောက်ဆိုတစ်ယောက် သေသေချာချာခုတ်သင့်ပါတယ်။ Item နဲ့ Emblem တွေကို Global 1 ဆိကနေပဲဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

သတင်းအရင်းမြစ် : LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။