ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ အိမ်ဖြူတော်တွင်ကွယ်လွန်ခဲ့ကြတဲ့သူများ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားဖော်ပြပေးမှာပါ...။ အိမ်ဖြူတော်တွင် ကွယ်လွန်ခဲ့ကြတဲ့သူများသည် အရေအတွက်အားဖြင့်ကြည့်မယ်ဆိုရင် သိပ်မများပါဖူး...။ ၁၈၄၀ပြည့်နှစ်မှာ အိမ်ဖြူတော်တွင် ပထမဦးဆုံး အသုဘအခမ်းအနားနှင့် ကြုံတွေ့ခဲ့ရပါတယ်...။ သမ္မတ Martin Van Buren ၏ မြေးမလေး "Rebecca Van Buren" သည် ထိုနှစ် ဆောင်းဦးပေါက်တွင် မွေးဖွားပြီး လပိုင်းအတွင်းမှာပင် ကွယ်လွန်သွားခဲ့ပါတယ်...။ နောက်ပြီး ၁၈၄၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် "William Henry Harrison" သည် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး၂ လတိတိ (ရက်အားဖြင့် ၃၂ ရက်တိတိ အကြာ) ဧပြီလ ၄ ရက်နေ့တွင် နမိုးနီးယားရောဂါဖြင့် အိမ်ဖြူတော်တွင်ကွယ်လွန်ခဲ့ပါတယ်...။ သူသည် သမ္မတ "Benjamin Harrison" ၏ အဘိုးလည်းဖြစ်ပါတယ်...။ အိမ်ဖြူတော်တွင် သမ္မတတာဝန်ထမ်းဆောင်စဉ် ကွယ်လွန်သူ သမ္မတနှစ်ဦးအနက်မှ တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ် ရှိပြီဖြစ်ပါတယ်...။

Photo credit pngtree

Letitia Christian Tyler သည် အိမ်ဖြူတော်တွင် အနိစ္စရောက်ခဲ့သော သမ္မတကတော် သုံးဦးအနက်မှ ပထမဆုံးဖြစ်ပါတယ်...။ အသက် ၅၁ နှစ်အရွယ်၊ ၁၈၄၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်တွင် လေသင်ဓုန်းဖြတ်ကာ ကွယ်လွန်ခဲ့ပါတယ်...။ အမေရိကန်ပြည်ထောင်စု၏ ဒုတိယမြောက်သမ္မတ "Zachary Taylor"သည်လည်း ၁၈၅၀ပြည့်နှစ် ဇူလိုင်လ ၉ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်...။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်သာရှိသေးပြီးအစာအိမ်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်...။ သမ္မတအေဗရာဟင်လင်ကွန်း၏ သား၊ အသက် (၁၁)နှစ် အရွယ်ရှိ "William Wallace Lincoln"သည် ၁၈၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အူရောင်ငန်းဖျားရောဂါကြောင့် ကွယ်လွန်ခဲ့ပါတယ်...။ ၁၈၇၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူ သမ္မတ "Ulysses S. Grant"၏ ယောက္ခမ ဖြစ်သူ အသက်၈၆ နှစ်ရှိစစ်မှုထမ်းဟောင်း "Fredrick Dent"၏ ဈာပနအား အိမ်ဖြူတော် အပြာရောင်ခန်းမ (White House Blue Room) တွင် ကျင်းပခဲ့ကြပါတယ်...။ ၁၈၈၃ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက် နေ့တွင် အိမ်ဖြူတော်အတွင်း သမ္မတ "Chester Arthur"က သံတမန်များအားဧည့်ခံပွဲတစ်ရပ် ကျင်းပခဲ့ရာ ထိုအခမ်းအနားသို့ တက်ရောက်နေသောအသက် ၇၉ ခုနှစ် အရွယ်ရှိ ဟာဝိုင်ယီ သံအမတ် "Elisha Hunt Allen"သည် ညစာသုံးဆောင်နေစဉ် ကွယ်လွန်ခဲ့ပါတယ်...။ ၁၈၉၂ ခုနှစ် ၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း သမ္မတ"Benjamin Harrison"၏ ဇနီး "Caroline Scott Harrison" (အသက်၆၀) သည် အဆုပ်ရောဂါဖြင့် အိမ်ဖြူတော်တွင်ကွယ်လွန်ခဲ့ပါတယ်...။ "Caroline Scott Harrison"၏ ဖခင် ဘုန်းတော်ကြီး "Rev. John Witherspoon Scott" သည် သားမက်ဖြစ်သူ သမ္မတ "Benjamin Harrison"၏ သမ္မတသက်တမ်းတစ်လျောက် အိမ်ဖြူတော်တွင်နေထိုင်ခဲ့ရာ အသက် ၉၂အရွယ်တွင်(သမီးဈာပနအပြီးတစ်လအကြာ) ၁၈၉၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင် အိမ်ဖြူတော်၌ပင် ကွယ်လွန်ခဲ့ပါတယ်...။

Photo credit pngtree

သမ္မတ "Harry S. Truman" ၏ ယောက္ခမ "Margaret Elizabeth Madge Gates Wallace" သည်လည်း အသက်၉၀ အရွယ်တွင် အိမ်ဖြူတော်၌ ၁၉၅၂ ခုနှစ် ၊ ဒီဇင်ဘာလ ၅ ရက်က ကွယ်လွန်ခဲ့ပါတယ်...။ ၁၁၊ ၁၉၁၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင်မူ သမ္မတ "Woodrow Wilson" ၏ ဇနီးအသက်၅၄ နှစ်ရှိသော "Ellen Louise Wilson" ကွယ်လွန်ခဲ့ပါတယ်...။ အမေရိကန်ပြည်ထောင်စု၏ သမ္မတစံတော်အိမ်ဖြစ်သော အိမ်ဖြူတော်သည် နိုင်ငံရေးဆုံးဖြတ်ချက်များချမှတ်ရာနေရာ ဖြစ်သကဲ့သို့ သမိုင်းဝင် သရဲခြောက်သောစံအိမ်ကြီးလည်းဖြစ်ပါတယ်...။၁၈၀၀ ပြည့်နှစ်တွင် အိမ်ဖြူတော်ကိုဆောက်လုပ် ပြီးစီးသည့် အချိန်မှစ၍ အနည်းဆုံးလူဆယ်ဦးကျော်မျှ အိမ်ဖြူတော်တွင်ကွယ်လွန်ခဲ့ကြပါတယ်...။ ယင်းတို့ထဲတွင် သမ္မတနှစ်ဦး၊ သမ္မတကတော် သုံးဦး နှင့် သမ္မတတို့၏ မိသားစုဝင်များပါဝင်ခဲ့ကြပါတယ်...။ ကွယ်လွန်ကြသူများအနက်မှ အချို့သည် ယနေ့တိုင် ခြောက်လှန့်လျက် ရှိကြရာ အိမ်ဖြူတော်ဆောက်လုပ်ရန် ၁၇၉၀ ပြည့်နှစ်တွင် မြေသိမ်းခံရသူ အိမ်ဖြူတော်မြေနေရာ၏ မူလမြေပိုင်ရှင် "DavidBurnes" လည်းတစ်ယောက်အပါ အဝင်ဖြစ်ပါတော့တယ်....။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။