စူစူ လို့ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုဟာဆိုရင် အနုပညာပျိုးခင်းကနေတဆင့် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ချစ်မေတ္တာတွေကို ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အိချောပိုက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာကြောင့် အနုပညာအရည်အသွေးတွေကတော့ အပြစ်ပြောစရာမလိုအောင်အရမ်းကောင်းပါတယ်နော်။

Photo Credit: Myo Aung
Photo Credit: Myo Aung
Photo Credit: Myo Aung
Photo Credit: Myo Aung

အိချောပိုက စိတ်ထားလေးလည်းဖြူစင်မွန်မြတ်ပြီး ရိုးအေးတဲ့သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပွဲအခမ်းအနားတွေကိုတက်ရောက်နေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေပါတယ်။အိချောပိုကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့အနုပညာခြေလှမ်းတိုင်းကို စောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။

Photo Credit: Myo Aung
Photo Credit: Myo Aung
Photo Credit: Myo Aung
Photo Credit: Myo Aung

အခုဆိုရင်တော့ အိချောပိုက"ပစ္စည်း Branded တွေဆိုတာက ပိုက်ဆံရှိရင် အသစ်ထွက်တိုင်းဝယ်လို့ရတယ်...စိတ်ဓါတ် Branded ဖြစ်ဖို့ဆိုတာကပိုက်ဆံရှိတိုင်းလည်း ဖြစ်မလာနိုင်ဘူးလေ...ဒီတော့ ကိုယ့်စိတ်ဓါတ်ကို အကောင်းစား Branded ဖြစ်အောင်ကြိုးစားတယ်..."လို့ရေးသားထားကာ သူမရဲ့စိတ်ခံစားချက်အတိုင်း အဓိပ္ပါယ်ရှိတဲ့စာသားလေးကို ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit: Myo Aung
Photo Credit: Myo Aung
Photo Credit: Myo Aung
Photo Credit: Myo Aung

Source:Ei Chaw Po's Facebook

Photo Credit: Myo Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။