မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချောလေး ဘုန်းမင်းနေလကတော့ အောင်မြင်တဲ့ပြည်သူချစ်အနုပညာရှင်အဖြစ် ရပ်တည်နေသလို ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်လေးတွေနဲ့ လူငယ်ဆန်ဆန်ပျော်ပျော်နေတတ်တဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။

စင်္ကာပူမှာ ကျောင်းတတ်နေပြီး ကျောင်းပိတ်တုန်းလေး မြန်မာပြည်အလည်ပြန်လာတဲ့ အချစ်တော်လေး ဘုန်းမင်းနေကတော့ လတ်တလောမှာ ဆေးရုံတက်နေရပြီး ခွဲစိတ်ကုသမှုတွေ ခံယူနေရပါတယ်နော်..။


ဘုန်းမင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဘုန်းမင်းနေလဟာ အူအတက်ပေါက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက SSC ဆေးရုံမှာ အူအတက်ဖြတ်ကာ ခွဲစိတ်ကုသမှုတွေ ခံယူနေရပြီး လတ်တလောမှာလည်း ဆေးရုံက အခုထိ မဆင်းရသေးပါဘူးနော်..။

ခွဲစိတ်မှုတွေပြုလုပ်ပြီးပေမယ့် အဖျားတက်လိုက် ကျလိုက်ဖြစ်ပြီး အဖျားမငြိမ်သေးလို့ ဆေးရုံက မဆင်းရသေးတဲ့ သားလေးအတွက် မေမေခင်ဇာခြည်ကျော်က စိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။


“သားသား ဘုန်းမင်း ဆေးရုံတက် အူအတက်ဖြတ်ပြီးပေမယ့် အဖျားက တက်လိုက် ကျလိုက် အဖျားတက်ရင် ၁၀၄ အထိတက်တယ် သားသားကို ကြည့်ပြီး သနားမိတယ်

ကိုယ်ပဲ ဖြစ်လိုက်ချင်ပါရဲ့...

အမေဆိုတော့လေ...စဉ်းစားမိတာ တခုက ကျောင်းပိတ်ရက် အမေဆီပြန်လာတုံး အခုလို နေမကောင်းဖြစ်လို့ တော်ပါသေးရဲ့

စကာင်္ပူမှာဖြစ်ရင် မလွယ်ဘူးလေ...

တော်သေးတာပေါ့ကံကောင်း လို့..!

ကျောင်းပိတ်ရက် ကြော်ငြာရိုက်ဖို့လက်ခံထားတဲ့ အလုပ်လေးတွေကို နားလည်ပြီး ရိုက်ရက်ရွေ ပေးတဲ့

အလုပ်ရှင်များ အားလုံး အထူးကျေးဇူးပါရှင်... !

ဒီလောက်နေမကောင်း ဖြစ်နေတာတောင်..

သူအရမ်းကြည့်ချင်တဲ့ " အခမ်းနားဆုံးမေတ္တာ "

ပရက်ရှိုး ရောက်အောင်သွားမလို့တဲ့လေ...

ဒီနေ့တော့ သူအဖျားမကျသေးလို့လက်လျှော့လိုက်ပြီး မေမေနဲ့ ညီမလေးပဲ သွားဖြစ်အောင် သွားလိုက်ပါတဲ့...

သား သား အမြန် နေ ကောင်း ဖို့ဆု တောင်း ပေး ကြ ပါ နော်...” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာလည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း ဘုန်းမင်းလေးအတွက် စိတ်မကောင်းစွာနဲ့ အားပေးစကားလေးတွေပြောထားကြသလို အမြန်ပြန်ပြီး နေကောင်းလာဖို့လည်း ဆုတောင်းပေးထားကြပါတယ်နော်..။

Photo Credit - Khinzar Chikyaw Zar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။