ရွှေအိမ်စည်ကတော့ ဝေဖန်သူတွေနဲ့ ပတ်သက်ပြီး " ဝေဖန်လဲကိုယ်ဆိုတာဖြစ်နေအုံးမှာလေ ဝေဖန်တိုက်ခိုက်တာကိုတော့ ခေါင်းထဲမှာ သိပ်မရှိဘူး ကိုယ် ဒီအလုပ်ကိုလုပ်တဲ့အခါ ပျော်လား ပျော်ရင်လုပ်လိုက်တယ် ဘယ်သူတွေဘာပဲပြောနေပြောနေ နားမစွင့်တော့ဘူး ကိုယ်မှန်တယ်ထင်တဲ့ အရာတွေကို လုပ်လိုက်တယ် "ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit: Shwe Eain Si 's facebook
photo credit: Shwe Eain Si 's facebook

သူမကတော့ " အားပေးတဲ့ ပရိသတ်တွေကိုအာရုံစိုက်တယ် မကြိုက်တဲ့လူအတွက် လုပ်နေတာမဟုတ်တော့ အိမ်စည့်ကို မကြိုက်ရင် unfollow လုပ်ထားလိုက်အိမ်စည်က ဒါပဲ ပြောချင်တယ် အိမ်စည်က ကိုယ်အဲ့လူကို မကြိုက်ရင် အဲ့လူကိုမကောင်းပြောမနေတော့ဘူး သူဘာလုပ်နေလဲဆိုတာကို ကြည့်ပြီးတော့ မကောင်းပြောမနေတော့ဘူး စိတ်မဝင်စားဘူးဆိုရင် လုံးဝစိတ်မဝင်စားဘူး " ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit: Shwe Eain Si 's facebook
photo credit: Shwe Eain Si 's facebook

သူမကတော့ " ကိုယ့်အကြောင်းလာပြောရင် နည်းနည်းတော့ စွာတယ် အနီးနားမှာ ရှိရင်တော့ ငါ့ကိုပြောတာလား ရတယ်လေ ကိစ္စမရှိဘူး ဒဲ့ရှင်မယ်အဲ့လိုမျိုးလေးတွေတော့ ရှိတာပေါ့ ကွန်မန့် ဖတ်လိုက်ရင် အကုသိုလ်များတဲ့အတွက်ကြောင့် မဖတ်ဖြစ်ဘူး ဒီမှာတော်တော်များများက ဆဲဖို့က စောင့်နေတာ " ဆိုပြီး ပြောထားခဲ့ပါတယ်။

source: myanmar loadtv 

photo credit: Shwe Eain Si 's facebook
photo credit: Shwe Eain Si 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။