၂၀၂၂ ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် ကာဂျစ်စတန် နိုင်ငံ Bishkek မြို့တွင် ယှဉ်ပြိုင် ကစားမည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် ကာဂျစ်စတန် အသင်းတို့၏ ပွဲစဉ်အတွက်ပွဲကြိုသတင်းစာရှင်းလင်းပွဲနှင့် Match Coordination Meeting ကို Bishkek မြို့ရှိ The Palaza hotel တွင် အောက်တိုဘာ ၉ ရက် (ယနေ့) ဒေသစံတော်ချိန် နံနက် ၁၀း၀၀ အချိန်ကကျင်းပခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Miodrag Radulovic က ကာဂျစ်စတန် အသင်းက အသင်းကောင်း တစ်သင်းပါ။ ပြီးခဲ့တဲ့ အာရှ ဖလားပွဲက သူတို့ရဲ့ ခြေစွမ်းကို အနီးကပ်မြင်တွေခဲ့ရပြီး သူတို့ အနေနဲ့ ကံမကောင်းလို့သာ နောက်ဆုံး ၈ သင်းစာရင်းကို မရောက်ခဲ့တာပါ။ ကာဂျစ်စတန် အသင်းရဲ့ ကစားသမားတွေကလည်း ကောင်းမွန်တဲ့ ကစားသမားတွေဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့အသင်းနည်းပြချုပ် Miodrag Radulovic က " ကာဂျစ်စတန် အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ပြိုင်ဖို့ အချိန်၁၀ ရက်ကျော်ရခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်ပြီး တိုက်စစ်ကို ဦးစားပေးကစားသွားမှာပါ" ဟုပြောကြားခဲ့သည်။အောက်တိုဘာ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီအချိန် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှက်ခ် မြို့တွင် ကာဂျစ္စတန် လက်ရွေးစင် အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမှာပဲဖြစ်ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။