ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ရှေးနှစ်ပေါင်းများစွာကတည်းက သွန်းလုပ်ခဲ့ကြတဲ့ လင်းယုန်တစ်ခြမ်း ဒင်္ဂါး ( Half Eagle) နှင့်၊ လွတ်လပ်ရေးခေါင်း ဒင်္ဂါးပြား( Liberty Head Nickel) အကြောင်းတို့ကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။ ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးများကို ငွေကြေးသုံးစွဲမှု စနစ်တစ်ခုအဖြစ် နိုင်ငံအသီးသီးတွင် ဟိုးအရင်ခေတ်ကတည်းက သွန်းလုပ်သုံးစွဲခဲ့ကြတာဖြစ်ပါတယ်...။ သမိုင်းမတိုင်မီ သွန်းလုပ်ခဲ့ကြတဲ့ အချို့သော ဒင်္ဂါးများမှာ ဝယ်ယူလို့ပင် မရတော့ပါဖူး...။ ယနေ့ကမ္ဘာပေါ်ရှိ လူကြိုက်များသော ဝါသနာထဲတွင် ဒင်္ဂါးပြားများ စုဆောင်းခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်...။ လင်းယုန်တစ်ခြမ်း ဒင်္ဂါးနှင့် လွတ်လပ်ရေးခေါင်း ဒင်္ဂါးပြားတို့သည် ကမ္ဘာပေါ်ရှိ အရှားပါးဆုံးနှင့် ဈေးအကြီးဆုံးဒင်္ဂါးပြားများထဲတွင် ပါဝင်ပါတယ်...။

photo credit pngtree

လင်းယုန် တစ်ခြမ်း ဒင်္ဂါး(1822 Half Eagle)....အမေရိကန် ဒင်္ဂါးစက်ရုံမှ ၁၈၂၂ ခုနှစ်တွင် ငါးဒေါ်လာတန် ရွှေဒင်္ဂါးများကို သွန်းလုပ်ခဲ့ရာ ယင်းတို့သည် ယခုအခါတွင် အရှားပါးဆုံးသော ဒင်္ဂါးများဖြစ်နေကြပါတယ်...။ လင်းယုန်တစ်ကောင်၏ ကိုယ်တစ်ခြမ်းပုံသွန်းလုပ်ထားသော ယင်းဒင်္ဂါးကို ဂျွန်ရိချ် က ဒီဇိုင်းဆွဲခဲ့ပြီး အရေအတွက် ၁၇၇၉၆ ပြားထုတ်ဝေခဲ့ပါတယ်...။ သို့သော်လည်း ယခုအခါတွင် သုံးပြားသာကျန်ရှိတော့ရာ နှစ်ပြားကို စမစ်ဆိုနီယံ အမျိုးသားအဆင့် ဒင်္ဂါး စုဆောင်းမှုဌာနတွင် သိမ်းဆည်းထားပြီး ကျန်တစ်ပြားကို ၁၉၈၂ ခုနှစ်က အမေရိကန် ဒေါ်လာ ခုနစ် သောင်းဖြင့် ရောင်းချခဲ့သည်ဟု သိရှိရပါတယ်...။

photo credit pngtree

လွတ်လပ်ရေးခေါင်း ဒင်္ဂါးပြား( 1913 Liberty Head Nickel)....၁၉၁၃ ခုနှစ်တွင် ငါးဆင့်တန် လွတ်လပ်ရေး အထိမ်းအမှတ်ခေါင်းပါ ဒင်္ဂါးပြားများကို အမေရိကန် ပြည်ထောင်စု အစိုးရ ၏ ခွင့်ပြုချက်မရှိဘဲ အရေအတွက်ကန့်သတ် ထုတ်ဝေခဲ့ပါတယ်...။ ထိုဒင်္ဂါးရှိနေမှုကို ၁၉၂၀ ပြည့်နှစ်တွင် လူများ သိရှိ ခဲ့ကြပါတယ်...။ ဒင်္ဂါးပြားအားလုံး၏ ပိုင်ရှင်မှာ ဒင်္ဂါးသွန်းစက်ရုံ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဆင်မြူရယ် ဘရောင်းဆိုသူဖြစ်ပါတယ်...။ ၁၉၇၂ ခုနှစ်တွင် ယင်းဒင်္ဂါးသည် အမေရိကန် ဒေါ်လာ တစ်သိန်းရရှိခဲ့သည့် ပထမဆုံးဒင်္ဂါးဖြစ်လာခဲ့ပြီး ၁၉၉၆ ခုနှစ် တွင် နောက်ထပ် လွတ်လပ်ရေးခေါင်း ဒင်္ဂါးသည် ပထမဆုံး ဒေါ်လာ သန်းဂဏန်းရရှိခဲ့ပါတယ်...။ ယခုအခါတွင် အဆိုပါ ဒင်္ဂါးသည် ငါး ခုသာ ကျန်ရှိတော့ရာ ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ ၃ ဒသမ ၇ သန်းအထိ ဈေးရရှိခဲ့ပါတယ်...

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။