ထူးခြားဆန်းပြား သတင်းတွေကို ဗဟုသုတဖြစ်ဖွယ် စဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ Myanmarload page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ပရိသတ်ကြီးရေ....။ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ကမ္ဘာတစ်ဝှမ်းရှိ ပညာရှင်တွေတောင် စဉ်းစားရခက်ခဲ့တဲ့ ပဟေဌိဆန်ဆန် ဖြစ်ပေါ်ခဲ့တဲ့ "Crop Circle" များပဲဖြစ်ပါတယ်...။ ထိုထူးဆန်းဖွယ်အရာတွေဟာ တစ်ကမ္ဘာလုံးရှိ စိုက်ခင်းတွေ၊ လယ်ကွင်းတွေမှာ ခဏခဏ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေအရ သိရှိခဲ့တာဖြစ်ပါတယ်...။

photo credit Once A Glance Page

"Crop Circle" ဆိုတာ UFO လို့ ခေါ်တဲ့ ဂြိုလ်သားယာဉ်ပျံတွေဟာ ထိုစိုက်ခင်းတွေ၊ လယ်ကွင်းတွေမှာ ဖြတ်သန်းသွားပြီး ကျန်ခဲ့တဲ့ ပုံသဏ္ဍန်အဆန်း အပြားတွေပဲဖြစ်ပါတယ်...။ လူသားတွေရဲ့ တီထွင်ကြံဆမှုတွေ တစ်ဆပြီး၊ တစ်ဆ တိုးပွားလာတာမလို့စက်မှု၊ လက်မှုပညာတွေ၊ သိပ္ပံနည်းပညာတွေကလည်း အချိန်နဲ့တပြေးညီ တိုးတက်လာတာဖြစ်ပါတယ်...။ နိုင်ငံအရပ်ရပ်က ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ထိုကဲ့သို့ ထူးဆန်းသော UFO ယာဉ်ပျံတွေအား လေ့လာစောင့်ကြည့်တာတွေ၊ အာကာသစူးစမ်းလေ့လာရေး ခရီးတွေကို နယ်မြေချဲ့ထွင်ဖို့ အမြဲကြိုးစားဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်...။

photo credit Once A Glance Page

ထိုထူးဆန်းဖွယ် အရာတွေဖြစ်တဲ့ "Crop Circle" တွေကို ကျွမ်းကျင် သိပ္ပံပညာတွေက မှန်ကန်တဲ့အဖြေကို သိရဖို့ အမြဲကြိုးပမ်းနေကြတာပါ...။ထို "Crop Circle" တွေက အင်္ဂလန်နိုင်ငံ တောင်ပိုင်း "Wiltshire" မှာတော့ ခဏခဏ ဖြစ်ပွားခဲ့ပါတယ်...။ ညခင်းပိုင်း အထိ စိုက်ခင်းတွေ လယ်ကွင်း တွေမှာ ပုံမှန်ရှိနေရာမှ မနက်မိုးလင်း ချိန်မှာ "Crop Circle" ဟာ ထူးဆန်းစွာပေါ်ပေါက် နေတက်တဲ့ သတင်း ပို့မှု မျိုးတွေ ဟာ တစ်နေ့တစ်ခြား များများလာခဲ့ပါတယ်။ များသောအားဖြင့် မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေကတော့ အလင်းရောင်ဘောလုံး (Balls Of Light )တွေဟာ ကောင်းကင်ပေါ်ကနေ ထိုးဆင်းလားပြီး ယခု လို "Crop Circle" တွေပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်...။ တစ်ချို့တွေကတော့ စွမ်းအားနယ်ပါယ်( Energy field )ဖန်ဆင်းရှင် Merkabas ကြောင့်ဆိုထားပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ဧရိယာ အကျယ်ကြီးမှာ ဖြစ်ပေါ်နေတက်တဲ့ "Crop Circle "ပုံတွေဟာတော့ တော်တော်လေးကို ပဟေဌိဆန် လွန်းပါတယ်နော်...။ ပရိသတ်ကြီးလည်း ထို "Crop Circle" တွေနဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်လေးတွေ မျှဝေပေးသွားပါဦးခင်ဗျာ....။

source Once A Glance Page

photo credit Once A Glance Page 

photo credit Once A Glance Page
photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။