ခုခံအားကျ ရောဂါ (HIV/ AIDS)

ခုခံအားကျဆင်းမှုရောဂါ ဗိုင်းရပ်စ်ဟာ ၂၀ ရာစု အစောပိုင်း အာဖရိကတိုက်တွင် လူဝံ၊ မျောက်အစရှိသည့် အဆင့်မြင့် နို့တိုက်သတ္တဝါများမှ လူများထံသို့ ကူးစက်ပြန့်ပွားခဲ့သည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားကြပါတယ်။ သို့သော် ယင်းရောဂါ သည် ၁၉၈၀ ပြည့် နှစ်များတိုင် လူထုအကြား ထင်ရှားခြင်းမရှိခဲ့သေးပါဘူး။

Photo Credit : Pngtree
Photo Credit : Pngtree

ထိုအချိန်တွင် နယူးယောက်နှင့် ကာလီဖိုးနီးယားမှမိန်းမလျာ အချို့သည် ခုခံအားကျဆင်းမှုရောဂါ နှင့် ဆက်နွယ်သည့် ထူးခြားသော အဆုပ်အအေးမိရောဂါနှင့်ကင်ဆာရောဂါ များ ဖြစ်ပွားခဲ့ကြ ပါတယ်။ မိန်းမလျာများနှင့် ဆက်နွယ်သည့်ရောဂါလက္ခဏာကို လိင်တူဆက်ဆံသူများ ကိုယ်ခံအား ကျဆင်းမှုရောဂါ (GRID) ဟု အမည်ပေးခဲ့ကြပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

ယင်းရောဂါအပေါ် သံသယ လွန်မှုများသည်ဥရောပနှင့် အမေရိကန်နိုင်ငံသို့ရောက်ရှိခဲ့ပြီး လူတစ်ဦးချင်းစီသည် ရောဂါ မည်သို့ ပျံ့နှံ့ခဲ့သည်ဆိုခြင်းအပေါ် စိုးရိမ်ခဲ့ကြပါတယ်။ လိင်တူ ဆက်ဆံသူများ ပါဝင်သည့် ခုခံအားကျဆင်းမှု ရောဂါ ဆိုင်ရာ အသင်း အဖွဲ့များသည် ACT UP ကဲ့သို့သော တက်ကြွသည့် အဖွဲ့အစည်းများပေါ်ထွန်းလာစေရန် ဦးဆောင်ခဲ့ကြကာ လိင်တူ ဆက်ဆံသူ များ တရားဝင်ဖြစ်စေရန် တွန်းအားပေးခဲ့ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

Soucre : မောင်သာ ရှေးဟောင်းသုတေသန (အာရောဂျံမဂ္ဂဇင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။