ပရိသတ်ကြီးရေ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ဟာဆိုရင် တစ်ခေတ်တစ်ခါတည်းက အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းခဲ့ပြီး သူမရဲ့ဘိုဆန်တဲ့အလှအပတွေက ပရိသတ်ရဲ့အမြင်မှာ တစ်မျိုးလေးဖြစ်လို့ အားပေးချစ်ခင်ခြင်းတွေကို ရရှိခဲ့ပါတယ်။သန္တာလှိုင်ရဲ့ အရင်တုန်းကကြော်ငြာတွေဟာဆိုရင်လည်း ဒိနေ့ဒီအချိန်ထိ ပရိသတ်တွေမှတ်မိနေကြဆဲပဲဖြစ်ပါတယ်။

Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook

သန္တာလှိုင်က အခုချိန်မှာဆိုရင် ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်ခင်ပွန်းရဲ့ ကြင်နာယုယမှုတွေကြောင့် အမြဲစိတ်ချမ်းသာနေရတဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်ပါတယ်။သန္တာလှိုင်ရဲ့ သမီးနဲ့သားကလည်း အချောလေးတွေဖြစ်ပြီး သမီးကြီးလေးဆိုရင် မေမေနဲ့ အနုပညာအလုပ်တွေကို တွဲပြီး လုပ်ကိုင်နေပြီဖြစ်ပါတယ်။

Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook

သန္တာလှိုင်ကတော့ အသက်တွေ တစ်နှစ်ထက်တစ်နှစ် ပိုပိုကြီးလာပေမယ့်လည်း အလှအပတွေကတော့ ပိုပိုနုပျိုသွားကာ အမျိုးသမီးတွေကအားကျရမယ့် ခန္ဓာကိုယ်အလှကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ သန္တာလှိုင်က ချစ်ခင်ပွန်းနဲ့အတူ အရမ်းလှတဲ့ပင်လယ်ပြာပြာကြီးကို နောက်ခံထားပြီး ကြည်နူးပြုံးပျော်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook
Photo Credit:Thandar Hlaing's Facebook

Photo Credit:Thandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။