OPPO ဆိုရင် စမတ်ဖုန်း လောကမှာ ထိပ်တန်းကဦးဆောင်နေတဲ့ Brand တစ်ခုဆိုတာ စမတ်ဖုန်းချစ်သူတွေ သိပြီးသားဖြစ်မှာပါ။ OPPO ချစ်သူတွေအတွက် ဆန်းသစ်မှုများစွာနဲ့ အတူရောက်ရှိလာတော့မယ့် OPPO Reno2 | Reno2 F အကြောင်းလေး ပြောပြမယ်နော်… ခုခေတ်မှာ ကင်မရာအကြီးကြီးကိုင်ပြီး ကမ္ဘာပတ်ရတာ style တစ်ခုဆိုပေမယ့် ကိုယ်က Professional ကြီးမှ မဟုတ်တာ-ဒါကြောင့် အလွယ်တကူ ဘယ်သွားသွားကိုယ်နဲ့ မကွာယူသွားပြီး Selfie ဆွဲမလား အလှပုံရိုက်မလား သဘာဝတရားကြီးကို ရိုက်ယူပြီး သူများတွေကို မျှဝေပေးချင်လား ဒါတွေအကုန်လုံး ကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်တဲ့ 48MP Quad Camera setup၊ 5x Hybrid Zoom နှင့်အတူ 20x Digital Zoom၊ portrait camera အပြင် video ကောင်းကောင်းကိုဖန်တီးနိုင်တဲ့ Ultra Steady Video Mode ကိုပါ ထည့်သွင်ထားတယ် ဆိုတာကို သတင်းကောင်းလေးပါးလိုက်တယ်နော်… 

ပြီးတော့ မတူညီတဲ့ ရှုထောင့်တွေနဲ့ အတူ OPPO Reno2 နဲ့ Reno2 F နှစ်မျိုးကို မိတ်ဆက်ပေးမှာပါ ၊ Reno Series ကိုတော့ ဇွန်လ(၁၃) ရက်နေ့က မိတ်ဆက်ပေးခဲ့ပြီး မကြာခင်မိတ်ဆက်တော့မယ့် OPPO Reno2 ထပ်မံရောက်ရှိလာမှာဖြစ်လို့ အရမ်းကိုရင်ခုန်နေရပါပြီနော် … Reno2 | Reno2 F မှာတော့ “Quad Camera, Zoom into Imagination” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ Quad Camera ပါဝင်လာတော့မှာလည်း ဖြစ်ပါတယ်။

စိတ်ကူးတွေကို ကိုယ်ထင်ပြဖို့ OPPO Reno2 မှာ ကြည်လင်တောက်ပတဲ့ ပုံရိပ် 48 Ultra-clear Main Camera ၊ ကျယ်ပြန့်နေသောပုံရိပ် တွေကို ဖမ်းယူနိုင်တဲ့ 8MP Wide Angle Lens ၊ ဟိုဝေးဝေးကအရာတွေကို ကိုယ်အနားကို ရောက်ချင်လား ရတယ် 13MP telephoto lens ၊ Portrait အတွက်တော့ မပူနဲ့ 2MP mono lens စတဲ့ ကင်မရာ(၄) လုံးတောင်ပါဝင်လာမှာ ဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ ရိုက်ချက်တွေက သင့်မနက်ဖန်တိုင်းအတွက် အတွေးသစ်တွေ ရရှိစေမှာ အမှန်ပဲမို့ OPPO Reno2 | Reno2 F ကို အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါအပြင် OPPO Reno2 နဲ့ အတူ Quad Camera Set up ပါဝင်လာမယ့် Reno2 F ကိုလည်း မကြာမှီ မိတ်ဆက်ပေးသွားဦးမှာမို့ စောင့်ကြည့်ဖို့တော့လိုမယ်နော်။

လက်မလွှတ်သင့်တဲ့ နောက်ထပ် အခွင့်အရေးကတော့ OPPO Amazing Myanmar Campaign ပဲ ဖြစ်ပါတယ်။ ဒီ Campaign မှာတော့ ရန်ကုန်၊ မန္တလေး ၊ ပုဂံ ၊ အင်းလေး နဲ့ မြန်မာနိုင်ငံရဲ့ အဓိက အထင်ကရတွေမှာ OPPO Reno2 ကို အသုံးပြုပြီး ရိုက်ထားတဲ့ ဓါတ်ပုံ လှလှလေးတွေကို မြင်တွေ့ရမှာဖြစ်ပြီး #AmazingMyanmar #TravelwithReno2 #Reno2Series Hashtag လေးတွေနဲ့အတူ OPPO Myanmar Facebook Page ရဲ့ Amazing Myanmar Campaign ကို အောက်ပါလင့်ခ် လေးအတိုင်း ဝင်ရောက်ပြီး OPPO Reno2 | Reno2 F ဖုန်းလည်း ကံစမ်းနိုင်တာမို့ လက်လွှတ်မခံဘဲ ပါဝင်ဆင်နွှဲလိုက်ကြပါစို့။

OPPO Amazing Myanmar Campaign – Click the Link:

https://www.facebook.com/287391841418711/posts/1398379313653286/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။