ချစ်စရာကောင်းတဲ့သားလေး Peach Lay နဲ့အတူ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိထားသူကတော့ စကားသံဝဲဝဲလေးနဲ့မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပါ။ သူမဟာ အနုပညာသက်တမ်း ဆယ်စုနှစ်ကျော်ဖြတ်သန်းခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ မိသားစုကိုသာ အချိန်ပေးဖြစ်နေတာပါ။ မကြာခင်မှာလည်း သမီးလေးမွေးဖွားတော့မှာဖြစ်တဲ့အတွက် သမီးလေးအတွက်အသုံးအဆောင်ပစ္စည်းလေးတွေ ကြိုတင်စုဆောင်းနေတာပါ။ 

Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook

သူမရဲ့သားလေး Peach Lay ဟာလည်း ပရိသတ်တွေရဲ့ချစ်ခြင်းတွေကို အပြည့်အဝရရှိထားတာပါ။ သားလေးရဲ့ဗီဒီယိုလေးတွေကိုလည်း သဉ္ဇာရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိတာပါ။ အခုမှာလည်း ချစ်စရာကောင်းတဲ့သားလေးရဲ့လှုပ်ရှားမှု ဗီဒီယိုလေးကိုတင်ထားတာပါ။ 

Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook
Photo Credit- Thinzar Nwe Win’s Facebook

ဒါကတော့ မေမေ့ရဲ့Channel အိတ်လေးကိုလွယ်ကာရဆော့ကစားနေတဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ သဉ္ဇာကတော့ " မာမား အိတ်အသစ်ရအောင် ကူညီပေးနေတာ " ဆိုပြီး ရေးသားထားပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Thinzar Nwe Win’s Facebook

Photo Credit- Thinzar Nwe Win’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။