ပရိသတ်ကြီးရေ မင်းသမီးချောလေး အကယ်ဒမီပိုင်ဖြိုးသုဟာဆိုရင် အနုပညာကိုအရမ်းဝါသနာပါတာကြောင့် ဆရာဝန်မလုပ်ဘဲ အနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ထူးချွန်ထက်မြက်ပြီး အရမ်းတော်တာကြောင့် အနုပညာနယ်ပယ်မှာလည်း အကုန်လုံးကချီးကျူးရတဲ့အပြင် ပရိသတ်တွေကလည်း သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကို ကြိုက်နှစ်သက်ကြပါတယ်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

ပိုင်ဖြိုးသုကတော့ လက်ရှိမှာလည်း ဇာတ်ကားတွေအများအပြားကိုရိုက်ကူးနေပြီး ပရိသတ်တွေအတွက်အမြဲတမ်းကြိုးစားနေသူလေးပါ။ဒါရိုက်တာခရစ်တီးနားခီရိုက်ကူးထားတဲ့ Now&Ever(ထာဝရနှောင်ကြိုး)ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာဏ်ခီနဲ့အတူတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင်မှာရုံတင်တော့မှာဖြစ်လို့ ပရိသတ်တွေကလည်းရင်ခုန်စွာစောင့်မျှော်နေကြပါတယ်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

ပိုင်ဖြိုးသုနဲ့ ဇာဏ်ခီတို့နှစ်ယောက်ကတော့ အရမ်းတော်ကြတဲ့အနုပညာရှင်တွေဖြစ်ကြတာကြောင့် အရမ်းအတွဲညီကြပြီး အပေးယူမျှမျှသရုပ်ဆောင်နိုင်ကြပါတယ်နော်။အခုဆိုရင်တော့ ဇာဏ်ခီက မင်းသမီးချောလေး ပိုင်ဖြိုးသုကို ကိုယ်တိုင်ဓာတ်ပုံရိုက်ပေးထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် သုသုကမျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

Photo Credit:Paing Phyo Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။