အသည်းကွဲသီချင်းတွေသီဆိုပြီး ပရိသတ်တွေရဲ့ ရင်ထဲဝင်နေရာဝင်ထားသူကတော့ အဆိုတော်ရွှေထူးပါ။ သူဟာ အဆိုဘက်တွင်သာမကဘဲ သရုပ်ဘက်တွင်လည်း ထူးချွန်သူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားကြီးများတွင် သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အချိန်တိုအတွင်းမှာအောင်မြင်မှုတွေ ရရှိထားတာပါ။ 

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

မကြာသေးခင်ကလည်း စစ်ကား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးစီးခဲ့တာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေတာပါ။ ချစ်ရတဲ့ ဇနီးလေးနဲ့လည်း ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားတာပါ။ 

Photo Credit - Shwe Hmone Yati's Facebook
Photo Credit - Shwe Hmone Yati's Facebook
Photo Credit - Shwe Hmone Yati's Facebook

မကြာခင်မှာလည်း သူငယ်ချင်းတွေဖြစ်တဲ့ Xbox , Lil Z , ထက်ယံတို့နဲ့အတူ ရှိုးပွဲတစ်ပွဲကျင်းပပြုလုပ်တော့မှာပါ။ မနေ့ကတော့ ရွှေမှုံရဲ့ Facebook myday တွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ရွှေထူးရဲ့ သီချင်းသစ်လေးထဲက စာသားတစ်ချို့ကို ချစ်ဇနီးလေးကို ဆိုပြနေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Shwe Hmone Yati's Facebook Myday

Photo Credit - Htoo Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။