ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ရက်ပိုင်းက အမှတ်မထင်ဖြစ်ပွားခဲ့တဲ့ ဖြိုးပြည့်စုံတို့ သူငယ်ချင်းသုံးယောက်ဟာ မူးယစ်မှုနဲ့ ဖမ်းဆီးခံရတဲ့ဆိုတဲ့သတင်းဟာ လူမှုကွန်ယက်နဲ့ ပရိသတ်တွေကြား ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပြီး အောက်တိုဘာ(၉)ရက်နေ့မှာတော့ မှားယွင်းဖမ်းဆီးခံရတာမို့ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီနော်..။

ဖြိုးုပြည့်စုံကတော့ သူ့ရဲ့အသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းကောင်းတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားသူဖြစ်သလို အတူဖမ်းဆီးခံခဲ့ရတဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ တေးရေး ငြိမ်းချမ်းကိုနဲ့ ရော်နီစန်းလွင်တို့ကလည်း အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်တွေမို့ ပရိသတ်တွေကြား အတော်လေးကို ဂယက်ထသွားခဲ့တာပါ..။


Photo Credit - Phyo Pyae Sone’s Facebook
Photo Credit - Phyo Pyae Sone’s Facebook

ဖြိုးပြည့်စုံတို့သူငယ်ချင်းသုံးယောက်ကတော့ အခုလိုပြန်လွတ်မြောက်လာချက်ချင်းမှာပဲ စိတ်ပူပြီး ဝန်းရံပေးကြတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကိုလည်း ကျေးဇူးတင်စကားလေးတွေ ကိုယ်စီပြောထားကြပါတယ်..။

သူတို့သုံးယောက်ကတော့ ပြန်လွတ်လွတ်ချင်း ဒီကနေ့ အောက်တိုဘာ(၁၀)ရက်နေ့လေးမှာပဲ အခြားအနုပညာရှင်မောင်နှမတွေနဲ့အတူ ရွှေတိဂုံဘုရားသွားကာ ဘုရားဖူးရင်း အောင်မြေသွားနင်းကာ ကုသိုလ်ယူခဲ့ကြပါတယ်နော်..။


Photo Credit - Lay Kyi Phyu’s Facebook
Photo Credit - Lay Kyi Phyu’s Facebook

ဘုရားဖူးခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း “ရွှေတိဂုံစေတီတော် ရောက်၊ကျွန်မတို့

အနုပညာမောင်နှမများ၊အတိတ်ကံကို၊

ပစ္စုပ္ပန်ကံတရားက ၊ အနိုင်ယူလိုက်ပါပြီ

မြန်မာနိုင်ငံသားအားလုံး၊စိတ်ချမ်း

သာ၊ကိုယ်ကျန်းမာကြပါစေ......

ကမ္ဘာပေါ်တွင်အမှန်တရား၊ အမြဲလွှမ်းမိုး

ပါစေ.....” ဆိုပြီး ဒါရိုက်တာကြည်ဖြူသျှင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ဖြိုးပြည့်စုံတို့သူငယ်ချင်းသုံးယောက် အခုလို ပြန်လည်လွတ်မြောက်လာလို့ ပရိသတ်တွေနဲ့ အနုပညာရှင်များစွာကလည်း ဝမ်းသာနေကြပြီး ဆုတောင်းစကားလေးတွေနဲ့ အားပေးစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Photo Credit - Lay Kyi Phyu’s Facebook
Photo Credit - Lay Kyi Phyu’s Facebook

Photo Credit - Lay Kyi Phyu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။