ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ထိတိုင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူကတော့ မင်းသမီးချောလေး အိချောပိုပါ။ စူစူလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အိချောပိုဟာ သူမဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ်ကျော်ရှိနေပါပြီ။ သူမရဲ့တစ်နှစ်ထက်တစ်နှစ် သရုပ်ဆောင် ပီပြင်လာမှုတွေကြောင့် အောင်မြင်ကျော်ကြားတဲ့ထိပ်တန်းအနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတာပါ။

Photo Credit - Ei Chaw Po's Facebook Myday
Photo Credit - Ei Chaw Po's Facebook Myday
Photo Credit - Ei Chaw Po's Facebook Myday

မကြာခင်မှာလည်း သရုပ်ဆောင်မြင့်မြတ်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ချိုးရုပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသတော့မှာပါ။ လတ်တလောမှာလည်း မြင့်မြတ်နဲ့အတူ PlAYERS ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာပါ။ သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း စူစူရဲ့ Facebook myday မှတစ်ဆင့် ဝေမျှလေ့ရှိသူပါ။ 

Photo Credit - Ei Chaw Po's Facebook Myday
Photo Credit - Ei Chaw Po's Facebook Myday
Photo Credit - Ei Chaw Po's Facebook Myday

အခုတစ်ခါမှာလည်း ပြည်သူချစ်မင်းသားချောလေးမြင့်မြတ်နဲ့အတူ ရိုက်ကွင်းပေါ်ကလှုပ်ရှားမှုအမှတ်တရတွေလည်း ဗီဒီယိုလေး ရိုက်ကူးကာ ဝေမျှလိုက်တာပါ။ စူစူနဲ့မြင့်မြတ်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Ei Chaw Po's Facebook Myday

Photo Credit - Ei Chaw Po's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။