ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ နိုင်ငံတိုင်းလိုလို ငွေဖောင်းပွမှု ပြဿနာကို ဘာကြောင့်ကြုံတွေ့ရလဲဆိုတာနှင့် ငွေညစ်များအကြောင်းကို ဆွေးနွေး ဖော်ပြပေးသွားမှာပါ....။ ငွေကြေးစနစ် အသုံးမပြုမီ အချိန်ကာလတွင် မိမိအလိုရှိရာ အရာတစ်ခုခုကို ရရှိနိုင်ရန် ပိုင်ဆိုင်ရာ ပစ္စည်းတစ်ခုခုဖြင့် လဲလှယ်ခဲ့ကြရပါတယ်...။ ယဉ်ကျေးမှု ထွန်းကာလာတဲ့အခါမှာတော့ လဲလှယ်ကြရာတွင် အဆင်ပြေမှုရှိစေရန် ကြားခံပစ္စည်း တစ်ခုခုကို တန်ဖိုးသတ်မှတ်ပြီး သုံးစွဲကြရာမှ ငွေကြေးစနစ် ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်...။ ငွေကြေးစနစ် ပေါ်ပေါက်လာတဲ့ အချိန်မှစ၍ နောက်ဆက်တွဲ ပြဿနာများဖြစ်ကြတဲ့ ငွေဖောင်းပွမှု၊ ငွေများ ညစ်ပေလာရခြင်း အစရှိတဲ့ ပြဿနာတို့ကို လူသားတွေ အနေနဲ့ ရင်ဆိုင်ကြုံတွေ့ ရပါတော့တယ်....။

photo credit pngtree

ငွေဖောင်းပွမှု.....စက္ကူပိုက်ဆံကို တစ်ကမ္ဘာလုံး တွင်ကျယ်စွာ အသုံးပြုချိန်တွင် ငွေဖောင်းမှု ပြဿနာများကိုလည်း နိုင်ငံတိုင်းလိုလိုမှာ ကြုံတွေ့ လာကြရပါတယ်...။ သို့သော်လည်း ရုပ်ပျက် ဆင်းပျက်ဖြစ်လောက်အောင် ၂၃၁ သန်းရာခိုင်နှုန်းအထိ ငွေဖောင်းပွလာမှုသည်ကား သဘာ၀ မကျသည့် ရယ်စရာတစ်ခုပင်ဖြစ်သော်လည်း အမှန်ပင် ဖြစ်ပွားခဲ့ပါတယ်...။ ပေါင်မုန့် တစ်ချပ်လျှင် ငွေ ဘီလျံ ၃၀၀ ပေးရသည့် ဇင်ဘာဘွေ ဒေါ်လာ တန်ဖိုးသည် သာမာန် အားဖြင့် မည်သို့မျှ စဉ်းစား မရနိုင်သည့် ငွေဖောင်းပွမှု တစ်ရပ်ပင်ဖြစ်ခဲ့ပါတယ်...။ ဇင်ဘာဘွေ အစိုးရက ၁၀၀ ထရီလီယံ ငွေကို ထုတ်ဝေလိုက်တဲ့အခါမှာ ကမ္ဘာပေါ်တွင် သတ်မှတ် တန်ဖိုးအမြင့်ဆုံး စက္ကူပိုက်ဆံအဖြစ် စံချိန်တင်ခဲ့ပါတယ်...။ (ထို ငွေစက္ကူ၏ တန်ဖိုးသည် ၁ နောက် တွင် သုည ၁၄ လုံးရှိပါတယ်...။)

photo credit pngtree

ငွေညစ်များ.....ကမ္ဘာအနှံ့သုံးစွဲနေကြသော ငွေကြေး စက္ကူများသည် လူတိုင်း နေ့စဉ် ကိုင်တွယ်သုံးစွဲနေကြသဖြင့် ညစ်နွမ်းလာရပါတော့တယ်...။ လေ့လာမှုများအရ အမေရိကန် ဒေါ်လာ စက္ကူငွေအများစုသည် ကုတ်ကင်းများကြောင့် မသန့် မရှင်းဖြစ်နေသည်ဟု ဆိုပါတယ်...။မူးယစ်ဆေးဝါးသုံးစွဲသူများသည် မူးယစ်ဆေးများပေနေသော လက်များဖြင့် ဒေါ်လာငွေများကို ကိုင်တွယ်လေ့ ရှိကြပါတယ်...။ ငွေစက္ကူများအတွင်း မူးယစ်ဆေးဝါးများ ထည့်ကာ သုံးစွဲလေ့လည်းရှိကြပါတယ်...။ ငွေစက္ကူ ကိုင်တွယ်သူများသည် ဒေါ်လာငွေများကို လိပ်ယူလေ့ရှိ ကြသည့် အပြင် အလိုအလျောက် ငွေထုတ်စက်(ATM)များ၏ ဝက်မှင်ဘီး များနှင့် ဒလိမ့်တုံးများကလည်း ငွေစက္ကူများကို ညစ်နွမ်း စေပါတယ်...။ ၂၀၀၂ ခုနှစ်က ထုတ်ဝေခဲ့သော တောင်ပိုင်းဆေးပညာဂျာနယ်တွင် ငွေစက္ကူများ၏ ၉၄ ရာခိုင်နှုန်းတွင် သန့်စင်ခန်း တစ်ခု တွင်ရှိ နေသော ရောဂါပိုးများထက် ပိုမိုများပြားသော ရောဂါပိုးများရှိနေကြာင်း ဖော်ပြခဲ့ပါတယ်...။ ငွေစက္ကူ၏ မျက်နှာပြင်များသည် ဆေးရုံတစ်ရုံ၏ ဝန်းကျင်တစ်ခု နှင့် တူနေပြီး ငွေစက္ကူပေါ်တွင် ဗက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများသည် ၄၈ နာရီကြာမျှ အသက်ရှင်နေထိုင် နိုင်ကြပြီး ငွေစက္ကူ တစ်ရွက်သည် တုတ်ကွေးပိုးများကို ၁၇ ရက်ကြာသည် အထိ သယ်ဆောင် ထားနိုင်ပဲဖြစ်ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။