သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုဟာအနုပညာလောကမှာအောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေက ချစ်စနိုးနဲ့သုသုလို့လည်းခေါ်ကြတာပါ။ ပရိတ်သတ်တွေကိုသူမရဲ့အကောင်းဆုံးအနုပညာတွေကိုချပြချင်တာကြောင့် သုသုဟာ အလုပ်အပေါ်မှာစေတနာပါပါနဲ့ သူလုပ်ရမဲ့အရာလေးတွေကို သေချာပြင်ဆင်လေ့ရှိသူပါ။ သုသုရဲ့သရုပ်ဆောင်ပီပြင်မှုတွေက ပရိသတ်တွေအတွက်အားရစေခဲ့တာကြောင့် အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတာပါ။

Photo Credit- Paing Phyoe Thu's Facebook
Photo Credit- Paing Phyoe Thu's Facebook

သုသုတို့ ဇနီးမောင်နှံဟာ အနပညာရှင်စုံတွဲတွေထဲမှာ ပရိသတ်တွေ လေးစားချစ်ခင်ရတဲ့ ဇနီးမောင်နှံလေးပါ။နှစ်ယောက်လုံးဟာ စိတ်တူကိုယ်တူနဲ့ အရာရာကို တိုင်တိုင်ပင်ပင်ရှိပြီး ဒါရိုက်တာဏကြီးရဲ့ သုသုအပေါ် ကလေးတစ်ယောက်လိုသဘောထားပြီး အလိုလိုက်ဂရုတစိုက်နဲ့ချစ်ခင်ပေးတာလေးကို ပရိသတ်တွေကအားကျကြည်နူးနေရတာပါ။သုသုဟာ အိမ်ထောင်ရှင်မဖြစ်သွားသော်လည်း ခုချိန်ထိ ကလေးတစ်ယောက်လိုဖြူစင်ပြီး အရင်ကထက်ပိုပိုပြီးလှလာတာပါ။

Photo Credit- Paing Phyoe Thu's Facebook
Photo Credit- Paing Phyoe Thu's IG

ယခုလက်ရှိမှာလည်းသုသု ဟာအနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်နေပြီး ဇာဏ်ခီနဲ့အတူတွဲဖက်ရိုက်ကူးထားတဲ့ ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကလည်း အောက်တိုဘာ (၃၁) မှာရုံတင်ပြသတော့မှာဖြစ်ပြီး ရိုက်ကူးနေစဉ်ကတည်းကပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းကိုရရှိထားတာပါ။ သုသုဟာ ညို့ချက်ပြင်းတဲ့အမိုက်စား ဓာတ်ပုံလေးတွေကို သူမရဲ့ instagram မှာတင်ထားတာလေးကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit- Paing Phyoe Thu's IG

Photo Credit- Paing Phyoe Thu's IG
Photo Credit- Paing Phyoe Thu's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။