ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတဲ့ အဆိုတော်အေသင်ချိုဆွေဟာဆိုရင် ပရိသတ်တွေရဲ့ကြိုက်နှစ်သက်ရတဲ့ တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။အေသင်ချိုဆွေက အနုပညာလောကထဲကနေ ခေတ္တကွယ်ပျောက်သွားပြီး အခုချိန်မှာဆိုရင်တော့ သီချင်းအသစ်လေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ပြန်လည်ရောက်ရှိလာပါတယ်နော်။

Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook

အေသင်ချိုဆွေကတော့ ချစ်စရာသမီးလေးတစ်ယောက်ကို မွေးဖွားထားပြီး Single Mother တစ်ယောက်အဖြစ်ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။အေသင်က သမီးလေးကို Ivy လေးလို့ ချစ်စရာနာမည်လေးပေးထားပြီး ဗီးဗီးလို့ ချစ်စနိုးခေါ်ဝေါ်ပါတယ်နော်။ဗီးဗီးလေးကလည်း မေမေအေသင်နဲ့ ချွတ်စွတ်တူပြီး ချစ်မွှေးပါတဲ့ကလေးလေးဖြစ်လို့ ပရိသတ်တွေကလည်းအရမ်းချစ်ကြပါတယ်နော်။

Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook

အခုဆိုရင်တော့ သီတင်းကျွတ်အခါသမယလေးမှာ ဗီးဗီးလေးက မေမေအေသင်ချိုဆွေကို မုန့်တွေနဲ့ကန်တော့ပြီး မေမေ့ဆီကမုန့်ဖိုးပြန်တောင်းခဲ့ပါတယ်နော်။အေသင်တို့သားအမိနှစ်ယောက်ကတော့ မြန်မာဝတ်စုံလေးတွေ ဆင်တူဝတ်ဆင်ထားကြပြီး သားအမိနှစ်ယောက်အရမ်းချစ်စရာကောင်းနေကြကာ ပျော်ရွှင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Athen Cho Swe's Facebook

Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook

Video Credit:Athen Cho Swe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။