အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေတဲ့ သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ ချစ်စရာကောင်းတဲ့ သားနဲ့သမီးကိုပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဘုန်းမင်းနေလနဲ့ ထင်သစ္စာလို့အမည်ပေးထားတဲ့ ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးကတော့ လက်ရှိအချိန်မှာ ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာတွေကို ခံယူရရှိထားတဲ့ အနုပညာရှင်မျိုးဆက်သစ်လေးတွေပဲ ဖြစ်ပါတယ်။

Photo Credit-Khinzar Chikyaw Zar's FB
Photo Credit-Khinzar Chikyaw Zar's FB

သမီးငယ်လေးဖြစ်တဲ့ ထင်သစ္စာကတော့ အမေတူအချောအလှလေးဖြစ်သလို မေမေနဲ့အတူတူပွဲတက်နေရသလို ကြော်ငြာလေးတွေလည်း ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ "အခမ်းနားဆုံးမေတ္တာ" ဇာတ်ကားကြီးရဲ့ "Red Carpet Show" ပွဲလေးကိုလည်း ထင်သစ္စာတို့သားအမိက တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲလေးမှာတော့ ထင်သစ္စာက သူမငယ်ငယ်တည်းကချစ်ခင်အားပေးရတဲ့ နေတိုးနဲ့အတူ အမှတ်တရပုံလေးတွေလည်း ရိုက်ကူးခဲ့ပါတယ်။

Photo Credit-Htin Thitsar's FB
Photo Credit-Htin Thitsar's FB
Photo Credit-Htin Thitsar's FB

အခုလည်း ထင်သစ္စာက " ငယ်ငယ်လေးတည်းက ချစ်ခဲ့ရတဲ့ဦးနိုင် " ဆိုပြီး နေတိုးနဲ့အတူ ကလေးဘဝအရွယ်ကတည်းက ရိုက်ကူးထားတဲ့ ပူံလေးတွေကို အမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့သမီးချောလေး ထင်သစ္စာကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့ ထင်သစ္စာရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Htin Thitsar's FB  

Photo Credit-Htin Thitsar's FB
Photo Credit-Htin Thitsar's FB
Photo Credit-Htin Thitsar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။