ပရိသတ်ကြီးရေ အောင်ရေချမ်းနဲ့မေမီကိုကို ကတော့ mrtv-4 ဇာတ်လမ်းတွဲမှတစ်ဆင့်လူသိများလာကြပြီး အခုဆိုရင်နှစ်ယောက်စလုံးဟာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်နေကြတာပါ။ သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲမှာလည်း အောင်ရေချမ်းက ကိုတင်ဖေ အဖြစ် မေမီကိုကိုကတော့မြိုင်အဖြစ် သရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်အားပေးမှုတစ်ခဲနက်ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

Photo Credit- Aung Yay Chan's Facebook
Photo Credit- Aung Yay Chan's Facebook
Photo Credit- Aung Yay Chan's Facebook

အခုလက်တလောမှာလည်း နှစ်ယောက်စလုံး အနုပညာအလုပ်ကိုယ်စီနဲ့ ဆက်လက်လုပ်ကိုင်နေကြပြီး ဇာတ်ကားများလည်းဆက်လက်ရိုက်ကူးလျှက်ရှိပါတယ်။အောင်ရေချမ်း ပါဝင်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးကလည်းနိုဝင်ဘာမှာရုံတင်ပြသတော့မှာဖြစ်လို့ သူ့ရဲ့ပရိသတ်တွေကလည်းအားပေးရန်စောင့်မျှော်နေကြတာပါ။ယခုလက်ရှိ mrtv -4 မှာ ပြသနေတဲ့ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ မေမီကိုကိုပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေအားပေးနေကြတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။

Photo Credit- May Mi Ko Ko's Facebook
Photo Credit- May Mi Ko Ko's Facebook
Photo Credit- May Mi Ko Ko's Facebook

အောင်ရေချမ်းနဲ့မေမီကိုကိုဟာသရုပ်ဆောင်ရာမှာလည်း အတွဲညီညီနဲ့ လိုက်ဖက်လွန်းပြီး ပရိသတ်နှစ်သက်သဘောကျတဲ့ သရုပ်ဆောင်အတွဲလေးဖြစ်ပါတယ်။အခုလက်ရှိ မေမီကိုကိုဟာ အောင်ရေချမ်းနဲ့ နှစ်ယောက်တွဲပုံလေးကိုတင်ထားတာဖြစ်ပြီး ပုံလေးတွေရဲ့အောက်မှာပရိသတ်တွေက နှစ်ယောက်လုံးကိုချစ်ကြောင်း လိုက်ဖက်ကြောင်းပြောထားကြပြီး ကိုတင်ဖေနဲ့ မြိုင်ရဲ့ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်နော်။

Photo Credit- May Mi Ko Ko's Facebook

Photo Credit- May Mi Ko Ko's Facebook
Photo Credit- May Mi Ko Ko's Facebook
Photo Credit- May Mi Ko Ko's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။