ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ ခရိုအေးရှား နိုင်ငံ တောင်ပိုင်းရှိ "Wall of Ston" စတန်တံတိုင်း အကြောင်းပဲဖြစ်ပါတယ်...။ ထိုတံတိုင်းကြီးအကြောင်း မပြောသေးခင် တံတိုင်းတွေကို ဘာကြောင့်တည်ဆောက်ခဲ့ပုံနှင့် ဘယ်လိုတည်ဆောက်ခဲ့ပုံအကြောင်းကို အရင် ဖော်ပြပေးပါ့မယ်...။ လူသားများသည် မြို့ရိုးများ၊တံတိုင်းများကို ရှေးခေတ်ကာလများ ကတည်းက မိမိတို့ပိုင်နက် နယ်မြေကို နယ်နိမိတ်များ သတ်မှတ် နိုင်ရန်၊ ရန်သူများ မဝင်ရောက်နိုင်ရန် နှင့် ဒေသနေပြည်သူများ လုံခြုံစွာ နေထိုင်နိုင်ဖို့ကို ရည်ရွယ်ပြီး ကမ္ဘာ့ နေရာ အနှံ့ တွင် ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်...။ ယဉ်ကျေးမှု တိုးတက်လာတာနဲ့အမျှ တံတိုင်းအသစ်များကို အထိမ်းအမှတ် လက္ခဏာများ၊ အနုပညာလက်ရာများ အဖြစ် တည်ဆောက်ခဲ့ကြပါတယ်...။ မည်သည့် ရည်ရွယ်များဖြင့် တံတိုင်းများကို တည်ဆောက်ခဲ့ကြသည် ဖြစ်စေ ယခုအချိန်တွင် ကမ္ဘာနေရာဒေသ အသီးသီးတွင်ရှိနေသည့် တံတိုင်းများ သည် လှပသော လက်ရာ ရှုခင်း များ အဖြစ် ရပ်တည်လျက်ရှိပါတယ်...။

photo credit pngtree

ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြားသော တံတိုင်းများထဲတွင် စတန်တံတိုင်းသည် တစ်ခုအပါအဝင်ဖြစ်ပါတယ်...။ ခရိုအေးရှားနိုင်ငံ တောင်ပိုင်းရှိ ပယ်လ်ဂျီစက် ကျွန်းဆွယ်ပေါ်တွင် တည်ဆောက်ထားသည့် စတန်တံတိုင်းသည် ကျောက်သားနံရံ များကို အတွဲလိုက်ဆက်စပ် ထားသည့် တံတိုင်းတစ်ခုဖြစ်ပါတယ်...။ ကျွန်းဆွယ်နှင့် ခရိုအေးရှားနိုင်ငံ နယ်နိ မိတ်တို့ ထိစပ် သည့် နေရာ မရောက်မီနေရာသည် ပယ်လ်ဂျီစက် ကျွန်းဆွယ်၏ အကျဉ်းဆုံးအပိုင်းဖြစ်ပြီး...၊ ထိုနေရာရှိ စတန် မြို့မှ မလိစတန် မြို့အကြားတွင် တံတိုင်းကို ဆောက်လုပ်ထားကာ တံတိုင်းသည် ၅ ဒသမ ၅ ကီလိုမီတာ( ၃ ဒသမ ၅ မိုင်) ခန့်ရှည်လျားပါတယ်...။

photo credit pngtree

စတန် တံတိုင်းအား ၁၄ ရာစုတွင် ဆောက်လုပ်ပြီးစီးခဲ့ကာ မျှော်စင် ပေါင်း ၄၀ နှင့် ခံတပ် ၅ ခု ပါရှိတယ်...။ ထိုစဉ်က ဆားလုပ်ငန်းဖြင့် ကြွယ်ဝချမ်းသာလာခဲ့သည့် ဒူဗရိုနစ်မြို့နှင့် ယင်းမြို့မှ ဆားကန်များကို ကာကွယ် စောင့်ရှောက်ရန် ကာကွယ်ရေး ဒုတိယ အရံအတားအဖြစ် တံတိုင်းကို ဆောက်လုပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်...။ စတန်တံတိုင်း သည် ဥရောပတွင် ဒုတိယ အရှည်ဆုံးသော တံတိုင်းဖြစ်ပါတယ်...။ ပထမအရှည်ဆုံး တံတိုင်းကတော့ ဥရောပတိုက်၏ စကော့တလန်နှင့် အင်္ဂလန်ကြားမှ ဟဒ်ရီယန်တံတိုင်းဖြစ်ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။