ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ နှင်းဆီအဖွဲ့သားလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်းနဲ့ ရဲလေးတို့ကတော့ အားလုံးရဲ့အသည်းကျော်တွေပါပဲ..။

သရုပ်ဆောင်ပိုင်းနဲ့ ဂီတပိုင်းမှာ အနုပညာနယ်ပယ်အသီးသီးကနေ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားကြတဲ့ သူတို့အဖွဲ့ကတော့ ရန်ပုံငွေလှူဒါန်းပွဲတွေအဖြစ် အငြိမ့်ပွဲတွေတော်တော်များများ ကပြခဲ့ကြတာလည်း ပရိသတ်တွေအသိပါပဲနော်..။


Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook

အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့ အချစ်တော် နှင်းဆီအဖွဲ့သားတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း နှင်းဆီလှေဆိုပြီး ရန်ပုံငွေ ကပြခဲ့ကြပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့ပြန်ပါတယ်နော်..။

နှင်းဆီလှေအဖွဲ့သားတွေရဲ့ ရယ်စရာပြက်လုံးတွေထဲမှာ ထွန်းထွန်းနဲ့ ရဲလေးတို့ရဲ့ လက်ဝှေ့ထိုးတဲ့ အခန်းလေးကလည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေကိုရရှိထားပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ sinon loresca ရဲ့ ဟန်ပန်လေးတွေနဲ့ သရုပ်ဖော်ခဲ့တဲ့ ထွန်းထွန်းရဲ့ ပုံရိပ်တွေကိုတော့ ပရိသတ်တွေက သဘောကျမဆုံးဖြစ်နေကြတာပါ..။


Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook

ပရိသတ်တွေရဲ့ အပြည့်အဝနှစ်ကြိုက်အားပေးခဲ့ကြတဲ့ သရုပ်ဖော်ပုံရိပ်လေးတွေကိုလည်း ထွန်းထွန်းက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး အောက်တိုဘာ(၁၁)ရက်နေ့ကစပြီး SkyNet Cinema SkyNet Pay Par View မှာ ထုတ်လွှင့်ပြသမယ့်အကြောင်းလေးကိုလည်း သတင်းကောင်းလေး ပါးထားပါသေးတယ်..။

“October ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိက ပထမပိုင်း...

October ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိက ဒုတိယပိုင်း...

တို့ကို SkyNet Cinema SkyNet Pay Par View မှာ ထုတ်လွှင့်ပြသပါမယ်ဗျာ....

စောင့်မျှော်ကြည့်ရှုအားပေးကြပါအုံး..” ဆိုပြီးတော့ ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook

Photo Credit - Htin Aung Tun’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။