ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေချစ်နေရတာကတော့ သရုပ်ဆောင် နော်ဖောအယ်ထားပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးရှိသူတစ်ယောက်မဟုတ်ပဲ ကိုယ့်ဒူးကိုယ်ချွန်ဘဝဖြင့် အနုပညာလောကကို လျှောက်လှမ်းလာသူတစ်ယောက်ပါ။ လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပျောက်ဆုံးနေသော အမှန်တရားဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေး Mrtv -4 တွင် ပြသနေတာပါ။  

Photo Credit - Naw Phaw Eh Htar's Facebook
Photo Credit - Naw Phaw Eh Htar's Facebook
Photo Credit - Naw Phaw Eh Htar's Facebook

ဒီဇာတ်ကားလေးဟာ သူမရဲ့ပထမဆုံးရုပ်သံဇာတ်လမ်းတွဲလေးဖြစ်ပြီး ပရိသတ်တွေကလည်း ဒီဇာတ်လမ်းတွဲလေးထဲက သူမရဲ့သရုပ်ဆောင်ပုံတွေကို သဘောကျနေတာပါ။ နော်ဖောကတော့ လတ်ရှိမှာ စင်ကာပူနိုင်ငံကို သူငယ်ချင်းတွေနဲ့အတူ ရောက်ရှိနေတာပါပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်တွင် တင်လေ့ရှိတာဖြစ်ပါတယ်။  

Photo Credit - Naw Phaw Eh Htar's Facebook
Photo Credit - Naw Phaw Eh Htar's Facebook
Photo Credit - Naw Phaw Eh Htar's Facebook

အခုမှာလည်း " မနေ့က Singapore မှာပြုလုပ်တဲ့ Rakuten Viber Asia Summit ပွဲလေးတက်ရောက်ခဲ့ပြီး"Such an honor to be here as one of the representatives of Myanmar " ဆိုပြီး ပွဲအခမ်းအနားတက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေ တင်ထားတာပါ။ ပရိသတ်တွေအတွက် နော်ဖောရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit - Naw Phaw Eh Htar's Facebook

Photo Credit - Naw Phaw Eh Htar's Facebook
Photo Credit - Naw Phaw Eh Htar's Facebook
Photo Credit - Naw Phaw Eh Htar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။