သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ဗီဒီယိုဇာတ်ကားတွေ အများဆုံးရိုက်ကူးအောင်မြင်ခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက် မွေးဖွားခဲ့တဲ့ သဉ္ဇာနွယ်ဝင်းက အခုဆိုရင် ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုတောင် ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပါတယ်။

Photo Credit- Thinzar Nwewin's FB
Photo Credit- Thinzar Nwewin's FB
Photo Credit- Thinzar Nwewin's FB

ပျော်ရွှင်စရာကောင်းတဲ့ သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးမှာတော့ သားလေးဖြစ်တဲ့ Peach လေးကိုလည်း ပရိသတ်တွေအားလုံးက ချစ်ခင်နေရတာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးတွေနဲ့ တကယ့်ကိုချစ်ဖို့ကောင်းတဲ့ သဉ္ဇာနွယ်ဝင်းသားလေးက စကားတတ်လွန်းတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။ အခုလည်း Peach လေးက တစ်ယောက်တည်း စကားတွေပြောပြီး ဆော့ကစားနေတာကို မေမေသဉ္ဇာနွယ်ဝင်းက ဗီဒီယိုလေးရိုက်ပြီး တင်ပေးထားပါတယ်။

Photo Credit- Thinzar Nwewin's FB
Photo Credit- Thinzar Nwewin's FB

သဉ္ဇာနွယ်ဝင်းက " မီးပျက်တယ် ပူလည်းဆော့မှာပဲ " ဆိုပြီး အားရပါးရဆော့နေတဲ့ သားလေးရဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Peach လေးရဲ့ အမူအရာလေးတွေကတော့ ကြည့်နေရင်းနဲ့ တကယ့်ကိုအသည်းယားဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းသားလေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Thinzar Nwewin's FB 

Photo Credit- Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။