အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုများစွာနဲ့ အောင်မြင်စွာ ရပ်တည်လျှောက်လှမ်းနေသူ ဖြစ်ပါတယ်။ ဘိုဆန်ဆန်မျက်နှာလေးနဲ့ မိန်းကလေးအချင်းချင်းကတောင် အချစ်တွေပိုရတဲ့ နန်းဆုက သာယာချိုမြတဲ့ အသံလေးကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နန်းဆုရဲ့သီချင်းလေးတွေကလည်း လူကြိုက်များအောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit -Nansu Yati Soe's FB
Photo Credit -Nansu Yati Soe's FB

အခုရက်ပိုင်းမှာတော့ နန်းဆုတစ်ယောက် ပွဲအခမ်းအနားလေးတွေ တက်ရောက်နေရသလို သီချင်းအသစ်လေးတွေလည်း ဖန်တီးနေတာ ဖြစ်ပါတယ်။ အမြဲတမ်း ခေတ်နဲ့လိုက်လျောညီထွေစွာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်လေ့ရှိတဲ့ နန်းဆုက အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတာ ဖြစ်ပါတယ်။ အခုလည်း နန်းဆုက ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ အပီအပြင် Tik Tok ကစားပြထားတာ တွေ့ရပါတယ်။

Photo Credit -Nansu Yati Soe's FB
Photo Credit -Nansu Yati Soe's FB
Photo Credit -Nansu Yati Soe's FB

နန်းဆုက အသည်းယားစရာကောင်းလွန်းတဲ့ အိုက်တင်အမူအရာလေးတွေနဲ့ သရုပ်ဆောင်ပြထားတဲ့ Tik Tok ဗီဒီယိုလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အလှတွေပိုလာတဲ့ နန်းဆုကတော့ အမြဲတမ်းငယ်ရွယ်နုပျိုလှပပြီး လန်းဆန်းတက်ကြွနေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့ချစ်စရာ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှေဝေပေးလိုက်ပါတယ်နော်။

Video Credit -Nansu Yati Soe's Tik Tok 

Photo Credit -Nansu Yati Soe's FB
Photo Credit -Nansu Yati Soe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။