အနုပညာသက်တမ်းလေးနှစ်ရှိနေခဲ့ပြီဖြစ်တဲ့ ရွှေမှုန်ရတီဟာ အခုနောက်ပိုင်း ဖက်ရှင်ကျကျပိုပြီး ဝတ်လာတတ်သလို၊ ပိုပြီးတော့တောင် လှလာလို့ ပရိသတ်တွေကနေ သူမရဲ့ဓာတ်ပုံအများစုကို ၀ိုင်းစုပြီး ဝေမျှတာမျိုးတွေ ရှိလာခဲ့ပါတယ်။ သူမရဲ့ အလှအပလျို့ဝှက်ချက်နဲ့ ပတ်သတ်ပြီး အင်တာဗျူးတဲ့အခါ ဘာကြောင့်လှနေရလဲဆိုတာနဲ့ ပရိသတ်တွေချစ်လာအောင် စကားပြောတတ်တဲ့ သူမရဲ့အကြောင်းလေး ဖတ်ကြည့်ရအောင်။

" ညီမက အဲ့ဒါက မျက်နှာကတော့ ဒါပါပဲ။ အသားအရေကလဲ ဒါပဲ။ အသက်နဲ့ဆိုင်မယ်ထင်တယ်။ ညီမ ၁၈ နှစ်ကျော်လို့လူကြီးဖြစ်လာတယ်လို့ပဲထင်ပါတယ်။ နောက် ခန္ဒာကိုယ်ကို ညီမ လေ့ကျင့်ခန်းလုပ်တယ်။ ပြီးတော့ အစားအသောက်တော်တော်ကို ထိန်းတယ်။ တစ်နေ့ကိုတစ်နပ်လောက်ပဲ စားတယ်။ အဲ့ဒီတစ်နပ်ကလဲ အသီးအရွက်ပဲစားတယ်။ ကျန်တာကတော့ Gmy ဆော့တာလောက်ပါပဲ။ ဒါတောင် အသည်းအသန်ကြီးမဆော့ဖြစ်ဘူး။ ရှုတင်က တစ်ဖက်နဲ့ဆိုတော့လေ။ လှလာတယ်ဆိုတာက ပရိသတ်တွေကပိုပြီးချစ်လာလို့လှလာတယ်လို့မြင်တာပဲနေမှာပါ။ အသက်ကြီးလာတာပဲရှိတာပါ။ " လို့ သူမကို ပြောင်းလဲလာတဲ့ ဖက်ရှင်၊ အလှအပနဲ့ မေးတဲ့အပေါ်ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကျန်းမာရေးအရ အစာအိမ်ရောဂါမှာ အစပ်အစားများ၍ဖြစ်ပြီး ဂရုစိုက်နေနေကြောင်းနှင့်၊ ငါ့အကယ်ဒမီဇာတ်ကားကြီးရိုက်ကူးပြီးရင်တော့ ခရီးတွေ ဆက်တိုက်ထွက်ဖြစ်နေမှာဆိုတဲ့ အကြောင်းလဲ ထည့်သွင်းပြောကြားသွားပါတယ်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။