နက်မှောင်တောက်ပြောင်လွန်းတဲ့ ဆံနွယ်ရှည်လေးကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းတွေ အတုန်းအရုန်းကျဆုံးနေရတာကတော့ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ပါ။ သူ့ရဲ့ အောင်မြင်မှုတွေဟာလည်း လူတိုင်းအားကျစရာပါ။သူဟာ မြန်မာနိုင်ငံတွင်သာမကပဲ ထိုင်းမလေးတွေကပါ တစ်ခဲနက် အားပေးခြင်းတွေကို ရရှိထားသူတစ်ယောက်ပါ။ 

Photo Credit- Paing Takhon’s Facebook
Photo Credit- Paing Takhon’s Facebook

ပိုင်တံခွန်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ တစ်စထက်တစ်စ နာမည်ကျော်ကြားလူကြိုက်များလာတဲ့ အပြင် လူမှုကွန်ယက်ပေါ်မှာလည်း ပရိတ်သတ်တွေနဲ့တရင်းတနှီးရှိတာကြောင့် ပရိတ်သတ်တွေရင်ထဲက အားပေးမှုကို ရရှိထားတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ 

Photo Credit- Paing Takhon’s Facebook
Photo Credit- Paing Takhon’s Facebook

အခုမှာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလုပ်ကိစ္စနဲ့သွားရောက်နေတာပါ။ ဘန်ကောက်မြို့ကလေဆိပ်ထိ ထိုင်းနိုင်ငံ မိန်းကလေးပရိသတ်များ တစ်ခဲနက်လာရောက်ကြိုနေတဲ့ ဗီဒီယိုလေးကို ပိုင်တံခွန်ရဲ့ Instagram myday မှာတင်ထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source- Paing Takhon’s IG

Photo Credit - Paing Takhon’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။