မြန်မာ့လက်ရွေးစင် ယူ-၁၉အမျိုးသားအသင်းသည် ယနေ့ အောက်တိုဘာလ ၁၀ရက် ညနေပိုင်းက ‌တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၃ - ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

photo credit:MFF's facebook
photo credit:MFF's facebook

မြန်မာယူ-၁၉ အမျိုးသားအသင်းအတွက် အနိုင်ဂိုးများကို ရဲမင်းကျော် ၊ သူရအောင်၊ ရန်ကျော်စိုးတို့မှ သွင်းယူပေးခဲ့ပါတယ်။ မြန်မာယူ-၁၉ အမျိုးသားအသင်းသည် အောက်တိုဘာလ ၁၁ရက်နေ့တွင် တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ပြီး ၂၀၂၀ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ပါတယ်။

photo credit:MFF's facebook
photo credit:MFF's facebook
photo credit:MFF's facebook

မြန်မာ ယူ-၁၉ အမျိုးသားအသင်းသည် နိုဝင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပမည့် ၂၀၂၀ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု (I)တွင် တောင်ကိုရီးယားအသင်း ၊ တရုတ်အသင်း၊ စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

source: MFF's facebook

photo credit:MFF's facebook
photo credit:MFF's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။