၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကာဂျစ်စတန် အသင်းနှင့် မြန်မာလက်ရွေးစင်အသင်းတို့ဟာ ကာဂျစ်စတန် နိုင်ငံ Bishkek တွင် မနေ့ည ၉နာရီက ယှဉ်ပြိုင်ကစားခဲ့ပြီး ကာဂျစ်စတန် လက်ရွေးစင်အသင်းက 7ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပထမပိုင်းတည်းက သွင်းဂိုးများစွာကို ကာဂျစ်စတန် လက်ရွေးစင်အသင်းကသွင်းယူခဲ့ပြီး မြန်မာအသင်းကတော့ ချေပဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ကာဂျစ်စတန်အသင်းနှင့် ပွဲစဉ်အပြီး မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Miodrag Radulovicက ကာဂျစ်စတန် အသင်းက ကျွန်တော်တို့ထက်ပိုကောင်းခဲ့တဲ့ အသင်းပါ။ ကျွန်တော်တို့လည်း အခွင့်အရေး ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ အခွင့်အရေးတွေကိုသာ စောစော အသုံးချနိုင်ခဲ့ရင် ပွဲရလဒ်က တစ်မျိုးပြောင်းသွားနိုင်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်Miodrag Radulovicက ကစားသမားတွေအနေနဲ့လည်း ဒီပွဲမှာ အာရုံစိုက်မှုအားနည်းခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ အသင်းကို ပုံစံအသစ်နဲ့ ပြန်လည်တည်ဆောက်နေပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲလိုပြိုင်ပွဲမျိုးအတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်" ဆိုပြီး ပြောသွားခဲ့ပါတယ်။ 

source' MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။